အပိုင္း(၃၅)အေရးအႀကီးဆံုးသူ

19.4K 1.5K 150
                                    

အပိုင်း(၃၅)

အရေးအကြီးဆုံးသူ

ဆက်တိုက်မြည်နေသော ဖုန်းသံကြောင့် လွန်းငယ် အိပ်ချင်မူးတူးဖြင့် ဖုန်းအား ဆွဲယူကာ ကိုင်လိုက်သည်။

"ဟယ်လို ပါးပါး"

ပေါက်စီလေး၏ အသံက တက်ကြွရွှင်လန်းစွာ။

"အင်း ပေါက်စီလေး"

"ပါးပါး မောနီး"

"မောနီးပါဗျာ"

"ပါးပါး ဒီနေ့သား ကျောင်းပိတ်ရက်...သားကို အပြင်စားသောက်ဆိုင်မှာ လိုက်ကျွေးပါလား"

"အင်းအင်း ပါးပါး လိုက်ကျွေးမယ်နော်"

"ပါးပါး အကောင်းဆုံး mwah"

ချစ်စရာကောင်းသောအသံလေးကြောင့် လွန်းငယ် မျက်လုံးမဖွင့်ဘဲ ပြုံးလိုက်မိသည်။

"အဲဒါဆို ပါးပါးလာရင်သွားဖို့ သားနဲ့ ဖေဖေ ပြင်ထားလိုက်တော့မယ်နော်"

လွန်းငယ် မှိတ်ထားသော မျက်ဝန်းများ ချက်ချင်းပွင့်လာရသည်။

"သားရဲ့ ဖေဖေရော ပါမှာလား...သူက ဘာလိုက်လုပ်မှာလဲ"

"မိသားစု စုံညီစားချင်လို့ ပါးပါး...သုံးယောက်အတူတူ သွားစားရအောင်လေ...နော် ပါးပါး"

"သား ဖေဖေပါရင် ပါးပါး မလိုက်တော့ဘူးနော်"

"ပါးပါး အဲလိုမလုပ်ပါနဲ့...သား ဆန္ဒလေးကို ပါးပါးလိုက်လျောပေးပါနော် ပါးပါး"

လွန်းငယ် ဘာလုပ်ရမည်မှန်း မသိစွာ တွေဝေသွားရသည်။

တစ်ခေါက်လောက် ထမင်းအတူတူစားရုံနဲ့ ဘာပြသနာမှ မဖြစ်နိုင်လောက်။ သွားစားဖို့ သူသဘောတူလိုက်သင့်လား။

"ပါးပါး သား တောင်းဆိုတာပါ...ဒီတစ်ခါလေးပဲ"

ဝမ်းနည်းနေသော ပေါက်စီလေးအသံအား သူခံနိုင်ရည်မရှိပါ။

"အင်း ပါးပါး အဆင်သင့်ပြင်ပြီး ထွက်လာခဲ့မယ်နော်"

"ရေး ဒါမှ သား ပါးပါး...Love You ပါးပါး Mwah"

"Love You ပေါက်စီလေး"

ဖုန်းချလိုက်ပြီးနောက် လွန်းငယ် အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။ သူ ဆက်အိပ်နေ၍မရတော့။ အပြင်သွားဖို့အတွက် ပြင်ဆင်ရပေဦးမည်။

စေရာ(Complete)Where stories live. Discover now