
26.1K 1.9K 200
                                    

အပိုင်း(၂၃)

အမုန်းမှသည် အချစ်ဆီသို့

ပင်ပန်းထားသောကြောင့် အိပ်လိုက်သည်မှာ အရမ်းကို ကြာသွားသည်။ နာရီကြည့်မှ လေးနာရီလောက်ထိ အိပ်ပျော်သွားမှန်း လွန်းငယ် သိတော့သည်။ အကြာကြီး အိပ်လိုက်မိသောကြောင့် လူကမလန်းဆန်းတော့။ အိပ်ခန်းထဲမှ အပြင်သို့ထွက်လာလိုက်သည်။

စေ့ထားသော စာကြည့်ခန်းတံခါးအား တွန်းဖွင့်လိုက်တော့ အထဲတွင် laptopတစ်လုံးဖြင့် အလုပ်များနေသော ကိုကို့ အကြည့်က သူ့ဆီသို့ ရောက်လာသည်။

"အင်း အဆောက်အဦးဆောက်တာတွေမှာ သေချာလေးကြီးကြပ်ပါ...သုံးမဲ့ အိမ်ဆောက်ပစ္စည်းတွေ အကောင်းဆုံးဖြစ်အောင်လုပ်...ဘာမှ လွဲချော်မှုမရှိစေနဲ့...ဒီအိမ်ရာစီမံကိန်းက သန်းထောင်ချီ projectမို့ တစ်ခုခု လွဲချော်သွားရင် ကုမ္ပဏီအတွက် အများကြီးထိခိုက်နစ်နာလိမ့်မယ်"

ခပ်လှမ်းလှမ်း ထိုင်ခုံတွင် လွန်းငယ် ဝင်ထိုင်လိုက်ပြီး online အစည်းအဝေး၌ ကိုကို ညွှန်ကြားပြောဆိုနေပုံအား ပေါင်ပေါ်လက်တင်၍ မေးထောက် ကြည့်နေလိုက်သည်။

"အင်း ဘဏ္ဍာပိုင်းကိုလည်း သတိမလွတ်စေနဲ့...ခုတလော ရှယ်ယာရှင်တွေဖက်က ငြိမ်နေကြတယ်...စိတ်ထဲ သိပ်မသင်္ကာဘူး...PS စုံစမ်းရေးအဖွဲ့ကို သေချာစုံစမ်းဖို့ အမိန့်ပေးလိုက်"

မမြင်တာကြာ၍ ထင်သည်။ ကိုကို့ပုံစံက ပို၍ ကြည့်ကောင်းလာသလိုပင်။ အသားရေပို၍ ဖြူ ဖျော့လာပြီး နဲနဲ ပိန်သွားသယောင်ရှိသော်လည်း ခုထိခန့်ညားနေဆဲ။

"အင်း...အဲဒါဆို အစည်းအဝေး သိမ်းမယ်...သေချာစီစဉ်ဆောင်ရွက်ကြပါ"

ထို့နောက် ကိုကိုက laptopအား ပိတ်ကာ လွန်းငယ်ရှိရာဆီ လျှောက်လာသည်။ အနားရောက်သည်နှင့် လွန်းငယ် ဆံပင်များအား လက်ဖြင့် ထိကာ ဖွလိုက်၏။

"အာ ကိုကိုက လုပ်ပြန်ပြီ...လွန်းငယ် ဆံပင်တွေ ပွကုန်ပြီ"

လွန်းငယ် မကျေမနပ်ရေရွတ်ရင်း ပွသွားသော ဆံပင်များအား လက်နှစ်ဖက်ဖြင့် ဆွဲချကာ ပြန်ပြင်ဆင်လိုက်သည်။

စေရာ(Complete)Where stories live. Discover now