𝐓𝐡𝐞 𝐌𝐞𝐚𝐧𝐢𝐧𝐠 𝐎𝐟 𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞

4.9K 405 121
                                    

Unicode
________

ချစ်ခြင်းမေတ္တာဆိုတာ
အလှမ်းဝေးလွန်းတဲ့ နှောင်ကြိုးလေးတစ်ခု...။

                     »» ᪥ ᪥ ᪥ ««

နေရောင်ခြည်နုနုသည် သံဇကာကွက်များကို ကျော်ဖြတ်ကာ အတန်ငယ်မှောင်မိုက်နေသော အခန်းတွင်းသို့ ​ဝင်ရောက်လာသည်။

ပြတင်းပေါက်နှင့်တည့်တည့် ထိုင်ခုံတွင် လူတစ်ယောက်ရှိနေသည်။မျက်နှာပေါ်ဖြာကျနေသောနေရောင်ခြည်ကို ထိုသူက ဂရုစိုက်မစိုက်။မျက်တောင်တိုစိပ်စိပ်များကို တဖျပ်ဖျပ်ခတ်ရင်း လက်ထဲက တစ်စုံတစ်ခုကိုသာ မမှိတ်မသုန်ကြည့်သည်။

ပန်းရောင်ဆေးသုတ်ထားသော ဓာတ်ပုံဘောင်လေးထဲက ခပ်နွမ်းနွမ်းဓာတ်ပုံလေးတစ်ပုံ။ပါးလွှာသော နှုတ်ခမ်းများသည် စကားလုံးတစ်လုံးကိုသာ ကြိမ်ဖန်များစွာ ခပ်တိုးတိုးရေရွတ်နေသည်။

မကြာမီ အခန်းတံခါးသည် ခပ်ဖြေးဖြေးပွင့်သွားပြီး အသက်ခပ်လတ်လတ် အမျိုးသမီးတစ်ယောက်အခန်းတွင်းသို့ဝင်လာသည်။ထိုင်ခုံပေါ်က လူငယ်ကိုကြည့်ပြီး အမျိုးသမီးကြီးက စိတ်ပျက်​နေသည့်ပုံစံဖြင့် ခပ်လေးလေးခေါင်းခါသည်။ထို့နောက် ဓာတ်ပုံက ဆတ်ကနဲ ဆွဲယူပြီး စားပွဲပေါ်မှောက်ချသည်။

"ဒီဓာတ်ပုံကို ကြည့်​​နေတုန်းပဲလား။ဘဝကို အဲ့လိုပဲ ရေစုန်မျှောနေတော့မှာလား"

လူရွယ်က ဘာစကားသံမှမကြားရသလို ဓာတ်ပုံဆီသို့သာ အာရုံရောက်နေသည်။ဖုန်ပေသွားသော ဓာတ်ပုံမျက်နှာပြင်ကိုသာ လက်နဲ့​တဖွဖွပွတ်သည်။အဖိုးတန်အရာတစ်ခုကို ဖျက်ဆီးခံရမှာကို ကာကွယ်နေသည့်မျက်လုံးအကြည့်တွေနှင့်။

"ပြောလိုက်ရင် အဲ့ဒီ မထုံတထေးပုံစံနဲ့ "

အမျိုးသမီးကြီးက စိတ်ဆိုးမာန်ဆိုးနဲ့အခန်းတံခါးကိုဆောင့်ပိတ်ကာ ထွက်သွားသည်။လူရွယ်က ဓာတ်ပုံကိုရင်ခွင်ထဲပိုက်ထားရင်း မျက်လုံးတွေမှိတ်သည်။သွေ့​ခြောက်နေသော နှုတ်ခမ်းနှစ်လွှာက တစ်စုံတစ်ခုကိုပဲ ရေရွတ်သည်။

Tonight Moon Is Still With You [ JINKOOK]Where stories live. Discover now