30 𝐃𝐚𝐲𝐬 𝐖𝐢𝐭𝐡 𝐌𝐲 𝐋𝐨𝐯𝐞

3.2K 299 107
                                    

»𝐔𝐧𝐢𝐜𝐨𝐝𝐞 «

အချစ်မှာ အချိန်ကာလ သတ်မှတ်ချက်တွေမပါ
ကာလဒေသ အပိုင်းအခြားတွေလည်း မရှိခဲ့ပါဘူး..။

❁ ~ ❁ ~ ❁ ~ ❁

အိစက်နေသော အညိုရောင် ထိုင်ခုံ ပေါ်သို့ ပါလာသော ကျောပိုးအိတ်ကို အသာချကာ လူပါ ဝင်ထိုင်လိုက်သည်။နဖူးပေါ် ဖွာလန်ကျဲသွားသော ရွှေအိုရောင် ဆံပင်တွေကို နဖူးပေါ်တစ်ချက်သပ်တင်လိုက်သည်။အကျီအကွက် ရေညှိစိမ်းရောင်လက်တိုအပေါ် ကုတ်အကျီအရှည်အနက်ရောင်၊style pant အနက်ရောင်ဝတ်ထားသော ဂျွန်ဂျောင်ကုပုံစံက idolတစ်ယောက် ပီသစွာပင် လူကြားထဲမှာ ထင်းနေသည်။သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ လေယာဉ် ထိုင်ခုံကို အကျအနမှီလိုက်သည်။

"Kuzu zangpo la"

လေယာဉ်မယ်လေးတစ်ယောက်က လက်အုပ်လေးချီပြီး ပြုံးပြနှုတ်ဆက်သည်။သူလည်း အလိုက်သင့်ပင် ပြုံးပြမိသည်။ကံကောင်းတာက သူ့ကို idolမှန်း သတိမထားမိကြတာပင်။တစ်နှစ်ပတ်လုံး မနားရအောင် အလုပ်ရှုပ်နေရသော သူ့အဖို့ လူရောစိတ်ရော အနားပေးသည့်အနေဖြင့်​ ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။သိပ်ပြီး လူနေမထူထပ်ဘဲ အေးအေးချမ်းချမ်းနှင့် သဘာဝရှုခင်းများရှိသော နိုင်ငံများအနက် နောက်ဆုံး သူရွေးချယ်လိုက်သည်က ဘူတန်ဘုရင့်နိုင်ငံတော်ဖြစ်သည်။ပျော်ရွှင်ခြင်းနိုင်ငံဟု တင်စားကြသော ဘူတန်နိုင်ငံက သူ့စိတ်အာရုံကိုဖမ်းစားခဲ့သည်မှာ အတော်ကြာပြီ။Heavenly Bhutan Travels (HBT)ဟုခေါ်သော ခရီးသွားကုမ္ပဏီနှင့်ဆက်သွယ်ပြီး သူတစ်ယောက်တည်း အရဲကိုးကာ လာခဲ့ခြင်းဖြစ်သည်။

လေယာဉ် ပြတင်းပေါက်က တဆင့် အပြင်လောကသို့ ငေးမောရင်း earphone ကိုတပ်ကာ ခပ်အေးအေး သီချင်းတစ်ပုဒ်ကို စိမ်ပြေနပြေနားထောင်မိသည်။အဖြူရောင် တိမ်ငွေ့များကို ဖြတ်သန်းလာပြီးနောက် တစ်နေရာအရောက်တွင် တောင်ထွတ်ဖျားတစ်ခုကို ဘွားကနဲ တွေ့လိုက်ရသည်။အပြာဖျော့ရောင် ကျောက်ဆောင်ကျောက်ထုများဘေးတွင် မြူခိုးများ တိမ်ငွေ့များက မပြယ်နိုင်ဘဲ ရစ်သိုင်းနေပုံက မျက်စိမလွှဲနိုင်အောင် လှလွန်းသည်။ထိုမြင်ကွင်းကို တမေ့တမောငေးမောရင်း ဖုန်းဖြင့်အမိအရ ရိုက်ယူလိုက်သည်။ဘူတန်ကို သွားချင်သော နောက်ထပ်အကြောင်းပြချက်တစ်ခုက ထိုအရာပင်။ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရတ်တောင်ကို ရာသီဥတုသာယာလျှင် လှမ်းမြင်ရသည်ဆိုသောကြောင့်ဖြစ်သည်။ဓာတ်ပုံတစ်ခုချင်းစီကို ပြန်ကြည့်လိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိ၏။တစ်ခါတစ်ရံ တောင်စဉ် တောင်တန်းများ၊အစိမ်းရောင် စိုက်ပျိုးခင်းများ၊လိမ္မော်ရောင်တိမ်တိုက်များကို တွေ့ရတတ်သည်။တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှ အတော်အတန် အေးချမ်းသွားတာကတော့ အမှန်ပင်။

Tonight Moon Is Still With You [ JINKOOK]حيث تعيش القصص. اكتشف الآن