Unicode
_________လရောင်အောက်တွင် သက်ရှိသက်မဲ့ အရာအားလုံး တိတ်ဆိတ်နေကြသည်။ တစ်ခါတစ်ရံတွင်တော့ပိုးကောင်ကလေးများ၏ အော်မြည်သံကို ကြားရတတ်သည်။
အကာအရံ အတားအဆီးမရှိသော အပေါ်ဆုံးထပ် ဟင်းလင်းပြင်တွင် ပြာလဲ့လဲ့လရောင်ကို မျှော်ကာ
ေငးမောနေသူတစ်ယောက်။ ပခုံးထိရှည်လျားနေသော လိှုင်းတွန့်သဏ္ဍာန် ဆံပင်များက လေပြေလေညှင်းတွေ ကြားထဲမှာ လွင့်နေဟန်။"Jung Kook"
သူ့ ခေါ်သံကြောင့် လှည့်ကြည့်သည်။ ဝိုင်းစက်စက်မျက်လုံးလေးတွေက စကြာဝဠာတစ်ခုလုံးကိန်းအောင်းနေသလို တလက်လက်။ သည်ကလေး ငိုနေတာလား။
"Hyung... ကျွန်တော့်အနားကို မလာပါနဲ့"
မျက်လုံးကလေးတွေရဲ့ ဦးတည်ရာက သူ့ဆီကို မဟုတ်ပြန်တော့။ ကြည့်မြဲအတိုင်း ကောင်းကင်တစ်နေရာဆီကို ငေးမောနေပြန်သည်။
ရှေးရက်တွေကတည်းက သူ့ကို ရှောင်ဖယ်ဖယ် လုပ်နေခဲ့သူ။ စကားတွေလည်း အရင်လောက်မများတော့ဘဲ သိသိသာသာတိတ်ဆိတ်သွားခဲ့သူ။ ဘာကြောင့်လဲဆိုတာတော့ သူ့အတွက် နှစ်ခါပြန်စဥ်းစားနေစရာတောင်မလိုပါ။
"Jung Kookie"
ငယ်ငယ်တုန်းက ခေါ်သလို ခပ်တိုးတိုးလေး ခေါ်တော့ ကျောပြင်ကျယ်က ဆတ်ကနဲ တစ်ချက်တုန်သွားသည်။ သူ့ကို လှည့်တော့မကြည့်။ ဆန့်ကျင်ရာတစ်ဖက်ကို မျက်နှာလွှဲထားသည်။
"Hyung ခေါ်နေတာကိုတောင် Jung Kookက ဂရုမစိုက်တော့တာလား"
သည်စကားတွေမှာ ဒေါသမပါ။ အဖျားခတ်အသံတွေ
အနည်းငယ် တုန်ခါသွားတာကတော့ ဝမ်းနည်းမှုကြောင့်ဆိုတာ သူမငြင်းလိုပါ။"ဘာလို့ တစ်ယောက်တည်း ကြိတ်ခံစားနေတာလဲ။ ငိုချင်ရင် ငိုချလိုက်။ Hyung ရှိနေတာပဲ"
ကြယ်တွေအားလုံးကို အပိုင်စားရထားတဲ့မျက်လုံးဝိုင်းတွေက တစ်စုံတစ်ခုကို ကမန်းကတန်း သိမ်းဆည်းလိုက်သလို မျက်တောင်တွေ တဖျတ်ဖျတ် ခတ်သွားသည်။ မျက်ဝန်းတွေထဲ ကြယ်တွေ ကြွေသွားမှာ စိုးရိမ်နေတဲ့ပုံ။
YOU ARE READING
Tonight Moon Is Still With You [ JINKOOK]
Fanfiction꧁ 𝙅𝙄𝙉𝙆𝙊𝙊𝙆 ☘︎ 𝙆𝙊𝙊𝙆𝙅𝙄𝙉 ꧂ 𝗢𝗻𝗲 𝘀𝗵𝗼𝘁 𝗰𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻 𝗝𝗲𝗼𝗻 𝗝𝘂𝗻𝗴 𝗞𝗼𝗼𝗸 × 𝗞𝗶𝗺 𝗦𝗲𝗼𝗸 𝗝𝗶𝗻