ဒီတစ်ကြိမ် ဖုန်းအရင်ချလိုက်သည်ကား ရှန့်မင်အော်မဟုတ် ။ လုဖုန်းပေ ။

ရိတကျွမ့်ကား အဆက်အသွယ်တော်တော်များများကို အသုံးပြုထားပုံရသည် ။ ဝန်ထမ်းယူနီဖောင်းကိုဝတ်ဆင်ထားကာ ဟိုတယ်တွင်းမှစောင့်နေ၏ ။ သူ့အားမည်သူမှချဥ်းကပ်လာခြင်းမရှိသလို မောင်းထုတ်ခြင်းလည်းမရှိ ။ လုဖုန်း ဟိုတယ်ဝင်ပေါက်နား ဘာမှမလုပ်ပဲရပ်နေသည်ကိုတွေ့လိုက်သောအခါ ရိတကျွမ့်မှာဟိုတယ်တွင်းမှ မသိမသာထွက်လာပြီး လုဖုန်းအားလာတွေ့တော့သည် ။

"ဖုန်းကော ဘာလို့အထဲမဝင်သေးတာလဲ ?"

ရိတကျွမ့်ဝယ်လာသော ယူနီဖောင်းမှာ ဆိုဒ်အနည်းငယ်ကြီးနေပုံရသည် ။ လူကြီးတစ်ယောက်၏အင်္ကျီကို မတော်မှန်းသိလျက် တိုးတိုးတိတ်တိတ်စမ်းဝတ်ကြည့်တတ်သော ကလေးတစ်ယောက်အကြောင်း လုဖုန်းအားပြန်အမှတ်ရစေ၏ ။ မြင်နေရသည်က အတော့်ကိုစိတ်ဝင်စားပျော်ရွှင်ဖို့ကောင်းလှသည် ။

"ငါ တစ်ယောက်ယောက်ကိုစောင့်နေတာ "

ဟိုတယ်ရှေ့သို့ရောက်လာသော ကားများကိုစူးစိုက်ကြည့်ရင်း လုဖုန်းပြန်ဖြေမိသည် ။

"ချီးပဲ ၊ အကို စန်းကောရဲ့လူဆိုးအုပ်စုကိုခေါ်ထားတာတော့ မဟုတ်ဘူးမလား? " ရိတကျွမ့်က ကြောက်ရွံ့ထိတ်လန့်စွာမေးလာသည် ။

လုဖုန်း ရိတကျွမ့်အား ကြက်သေသေစွာစိုက်ကြည့်နေမိသည် ။

"မင်း ဘယ်လိုတွေတောင်တွေးလိုက်တာတုန်း ! ဒီနေ့ငါတို့က ဂန်းစတားတွေလိုလုပ်မယ်လို့များ ထင်နေတာလား !?"

ရိတကျွမ့်ကား နှာခေါင်းကိုတစ်ချက်ပွတ်ပြီး ဘာမှဆက်ပြောမလာခဲ့ ။ ထို့နောက် လုဖုန်းနှင့်တူတူ ဟိုတယ်ဝင်ပေါက်နားတွင် ရပ်စောင့်နေပေတော့သည် ။ သို့သော် ဟိုတယ်သို့လာကြသော ဧည့်သည်အချို့မှာ ရိတကျွမ့်အား ဧည့်ကြိုဟုထင်ပုံရသည် ။

ကားနှင့်ကားသော့ကိုပေးကာ ကားပါကင်ထိုးပေးခြင်းအမှုကို ပြုခိုင်းတော့သည် ။ ရိတကျွမ့်ကား သရုပ်မှန်မပေါ်စေဖို့ရာ ကတ်သတ်နေ၍မရတော့ပဲ ဧည့်သည်များ၏ကားကို ပါကင်ထိုးပေးရတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now