26

4.5K 774 43
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH26-I'VE NEVER ONCE REGRETTED IT

ဒုတိယမြောက်ရုံးချိန်းနေ့ ။ ရာသီဥတုကား မှုန်မှိုင်းမှိုင်းဖျိုးဖျဖျအ​ခြေအနေ ။

ထိုနေ့မနက် လုဖုန်းအိပ်ရာစောစောထပြီးနောက် ချိန်းဆိုထားသည့်အချိန်အတိုင်း တရားရုံးရှေ့တွင် ရောက်ရှိနေခဲ့၏ ။

ဤအဖြစ်အပျက်တွင်ပါဝင်ပတ်သက်သော ခံရသူတို့အား ကာကွယ်ပေးသည့်နည်းလမ်းတစ်ခုအနေဖြင့် မော့ချိုးနှင့်လုဖုန်း၏ရုပ်သွင်များ ၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားများ ထုတ်ဖော်ပြသခြင်းမျိုး မီဒီယာများအား ခွင့်ပြုခြင်းမရှိပေ ။

ပွဲကြည့်ပရိသတ်လူထုအနေဖြင့်မူ ဖြစ်နိုင်ချေအမျိုးမျိုး ယူဆချက်အမျိုးမျိုး ချပြပြောဆိုကောက်ချက်ဆွဲကြတော့သည် ။ သတင်းမီဒီယာများတွင်ကား မော့ချိုးအား မျိုးရိုးနာမည်'မော့'ဖြင့် အမျိုးသားတစ်ယောက်ဟုသော်လည်းကောင်း ၊ လုဖုန်းအား မျိုးရိုးနာမည်'လု'ဖြင့် အမျိုးသားတစ်ယောက်ဟုလည်းကောင်း ရည်ညွှန်းရေးသားပြီး အွန်လိုင်းသာမက သတင်းစာများတွင်ပါ ဖြန့်ချီကြသေး၏ ။

ထို့ကြောင့် လုဖုန်းတစ်ယောက် အွန်လိုင်းပေါ်တက်ကာ အမျိုးမျိုးသောမကောင်းသည့်မှတ်ချက်များအား ဖတ်ရှုခြင်းမျိုးမရှိ ။ အမှုကိစ္စနှင့်ပတ်သက်သည့် သတင်းရေးသားချက်များက သူ့ဘဝတွင် ကြီးကြီးမားမားသက်ရောက်မှုမျိုးမရှိသည်မို့ ။

သို့သော်မော့ချိုးအတွက်မူ ပထမဆုံးအကြိမ်တရားရုံးတွင်ထွက်ပေါ်လာခြင်းပြီးနောက် ကြားနာခြင်းသို့တက်ရောက်ခဲ့ကြသော ကျင့်ဝတ်နှင့်မညီသည့်သတင်းထုတ်ဝေသူများ ၊ လောကျန်းယွင်၏ပရိတ်သတ်များက မော့ချိုး၏အသက်မွေးမှုလုပ်ငန်းနှင့်သက်ဆိုင်သောအချက်အလက်များကိုပေါက်ကြားစေခဲ့၏ ။ အကျိုးရလဒ်တစ်ခုအနေဖြင့် မော့ချိုးကား အွန်လိုင်းပေါ်တွင်ရှာဖွေတိုက်ခိုက်ခံရသူတစ်ယောက်ဖြစ်လာခဲ့တော့သည် ။

နောက်ပိုင်းတွင် လူတစ်ယောက်မှာ ကံဆိုးစွာပင် ဝိုင်းအမဲဖျက်ခြင်းခံရတော့၏ ။ တကယ်တမ်း ထိုသူမှာလည်း မှားယွင်းစွပ်စွဲခံရသူပင် ။ အပြစ်ကင်းစင်သော သရုပ်ဖော်ရေးဆွဲသူ(illustrator ) တစ်ယောက်ကား ထိုကိစ္စတွင်ပါဝင်ပတ်သက်ခဲ့ရပြီး ၎င်း၏အချက်အလက်အထောက်အထားများမှာလည်း လူမဆန်သော၊ အကြင်နာတရားကင်းမဲ့သောပုံစံအမျိုးမျိုးဖြင့်ထုတ်ဖော်ခြင်းခံခဲ့ရတော့၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now