ရှင်း ခြံထဲဝင်လာပြီဆို နက်ရှိုင်းက မေးထောက်ပြီး ရှင်းကို လိုက်ကြည့်တတ်သည်။ ရှင်းက မနေတတ်။ တခါတလေ ခလုတ်ပါတိုက်သည်။
ရှင်းတို့တွဲနေတာသိတဲ့ လူအချို့ကတော့ ရှင်းနဲ့ နက်ရှိုင်းကို ကြည့်ပြီး ပြုံးစိစိဖြစ်ကြသည်။
နက်ရှိုင်း ရှင်းကို ဘယ်လောက်တောင် လိုက်ကြည့်တတ်လဲဆို ထိုကျူရှင် အချိန် ခြောက်ကြိမ်မြောက်မှာ ရှင်းတို့သင်သည့်ဆရာမရော နက်ရှိုင်းတို့ကိုသင့်သည့်ဆရာမပါ ရိပ်မိပြီး တခါတလေ စနောက်တော့သည်။

"ရှင်း နင်အောက်ထပ်သွားသင်ပါလား"

အောက်ထပ်ကဆရာမကလဲ "သမီး first yearစာပြန်သင်မလား" စသည်ဖြင့်

ထိုသို့နှင့် စာမေးပွဲကြီး ကျင်းပခဲ့သည်။ First Year နဲ့ Finalက မနက်ပိုင်း အချိန်ဖြစ်တာမို့ နက်ရှိုင်းက ရှင်းမေမေဆီကို ခွင့်တောင်းကာ ရှင်းကို လာခေါ်ပြီးပြန်ပို့ပေးသည်။

အမေကတော့ ဖွင့်မပြောရသေးပင်မယ့်လူကြီးပီပီရိပ်မိပြီး နက်ရှိုင်းကို မေမေ့ဘာသာတိတ်တဆတ်အကဲခတ်နေတတ်သည်။

တဖြည်းဖြည်းရင်းနှီးလာသည့်အခါ ရှင်းကို နက်ရှိုင်းက ပြန်ထိန်းရပြန်သည်။

"မောင် ငါတို့ အပြန်ကျရင်အချဉ်ပေါင်းဝယ်စားရအောင်လေ"

"ဟာ မက အစာအိမ်လည်းကောင်းတာလဲ မဟုတ်ပဲ မစားသေးပါနဲ့ စာမေးပွဲကာလကြီးတခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ"

" မနက်ဖြန်နဲ့ တဘက်ခါ ပိတ်သေးတယ်လေ ဗိုက်မကောင်းလဲ ဘာမှ မှ မဖြစ်တာ အိမ်မှာပဲကို"

"တနင်္ဂနွကျေ မနှင်းသက်တို့ဆီ စာသွားလုပ်ဦးမှာလေ မစားပါနဲ့မရယ်"

"ဟွန်း"

ရှင်း နှုတ်ခမ်းက ဆူလာပြန်သည်။

"ကဲ မယ်စိတ်ကောက် ခများလေးကတော်တော်ကောက်နိုင်တယ်နော် အချဉ်ပေါင်းမစားနဲ့အခြားမုန့်ပဲစား ကျွန်တော် ဝယ်ကြွေးမယ်ဟုတ်ပြီလား"

ပြောပြောဆိုဆိုနဲ့ win martထဲ သွားကာ မုန့်အချို့ဝယ်ပြီး ရှင်းလက်ထဲထည့်ပေးသည်။

နှင်းသက်တို့ဆီစာသွားလုပ်တော့လဲ နက်ရှိုင်းကိုယ်တိုင်လိုက်ပို့ပေးပြန်သည်။ ကျော်ကြီးကတော့ စုလင်းကို တွေ့ချင်၍ ပါလာသည်။

မမWhere stories live. Discover now