Part 11

8.4K 428 2
                                    

အားကစားကွင်းက ဝေးသည်မို့ စာသင်ဆောင်‌တွေနှင့် နီးသော ဘွဲ့နှင်းရှေ့က ကွင်းပြင်ထဲလုပ်လိုက်ခြင်းကြောင့် လူတော်တော်အုံလာသည်။ ကျော်ရှိန်းရော နက်ရှိုင်းရော အရပ်ရှည်သည်မို့ သူတို့နှစ်ယောက်ကြားမှာ ရှင်းမြုပ်နေသည်။ ကျော်ရှိန်းဘက်က လူတိုးလာတိုင်း ရှင်းကို လာလာတိုက်နေသည်။

"မ"

"ဟင်?"

နက်ရှိုင်းက ရှင်းနဲ့သူနဲ့ကို နေရာလဲလိုက်သည်။ နက်ရှိုင်းက ကျော်ရှိန်းဘက်ရောက်သွားပြီး ရှင်းက ဘေးမှာ ကောင်မလေးတစ်ယောက်ရှိတဲ့ဘက်ကိုရောက်သွားသည်။ နေရာလဲပေးနေတုန်း လူကြပ်နေသည်မို့နက်ရှိုင်းရင်ခွင်ထဲ ရောက်သွားသလိုမျိုး....ရှင်းရင်အတိုင်းဆမသိခုန်လာသည်။

(ဒီကလေးနဲ့ သေတော့မှာပဲ)

လွန်ဆွဲပွဲစပါပြီ စုလင်းက ထိပ်ဆုံးနေရာ ပြီးတော့ နှင်းသက် က သူတို့နောက်က
အားကုန်သုံးပြီး လွန်ဆွဲနေပုံများကို ကျော်ကြီးက ဓာတ်ပုံရိုက်ထားလေသည်။ ပြီးတော့ပြောသေးသည်...

"ဒီပုံတွေကို Facebookမှာတင်ရမယ် "

သူတို့သုံးယောက်ဘဝကို‌မတွေးရဲစရာ

"အကိုရှင်းaccက ဘာနာမည်နဲ့လဲ "

" နာမည်အရင်းနဲ့ပဲ"

"ပုံတင်ထားလား?"

" ဟုတ်ဘူး ကြောင်အဖြူရောင်‌လေးပုံလေးတင်ထားတာ"

"ဟုတ်လား ညကျမှ ရှာကြည့်ဦးမယ်"

အားကျိုးမာန်တတ်ကြိုးစားလိုက်ကြသော စုလင်းတို့ ပထမဆုရသည်။ ဌာနမှူးက မုန့်ဖိုးများပေးသောအခါ သူတို့မှာပျော်မဆုံး။ ညလောက်ဆို သူတို့ပုံတွေ ဆေးထိုးခံရမှာကိုတော့ သူတို့ မသိရှာ။

ကျောင်းကနေပြန်ရောက် ရေမိုးချိုးပြီးခနနားနေချိန် မမဧကရီရောက်လာသည်။

" ရှင်းရေ "

"ဟုတ် မမ "

" နင့်အမတော်လေးရဲ့ အခိုင်း‌တော်ကြီးရောက်ပါပြီရှင် "

ခြံရှေ့ကနေ လှမ်းပြောနေသော မမဧကရီဆီ ထွက်လာခဲ့လိုက်သည်။

မမWhere stories live. Discover now