Part 10

8.8K 446 4
                                    

"မမ အိမ်မှာလား"

"အင်း‌ ငယ်လေး မမဒီနေ့ off "

" ငယ်လေး မမကို ပြောစရာရှိလို့ "

Video Chatting call....

V call ကိုင်လိုက်သည်။

" ငယ်လေးပြော ဘာကိစ္စရှိလဲ "

"မမ ငယ်လေးကို မဆူရဘူးနော် "

"အွန်းပေါ့ ငယ်လေးရဲ့ မဆူဘူးပြော"

"ငယ်လေးလေ သဘောကျတဲ့သူရှိနေပြီ"

"အမလေးး ငယ်လေးရယ် မမဖြင့် အကြီးကြီးထင်လိုက်တာ...ကဲပါ ထား ဘယ်သူလဲ ဘယ်ကလဲ ဘယ်လိုတွေ့တာလဲ"

" ညီမလေးတို့ ကျောင်းကပဲ မမ ညီမလေးထပ်တော့ငယ်တယ် သူက ခုမှ first year ဒါပင်မယ့်လေမမ ညီမလေးဘက်ကပဲ သဘောကျနေမိတာ"

ရှင်း ပြောရင်းနဲ့ ဝမ်းနည်းလာသည်။

" သူက ချောလား ငယ်လေး"

" ချောတယ်"

" တို့ ငယ်လေးလဲ ချစ်ဖို့ကောင်းနေတာပဲကို ပြော မမကို ဖုန်းဆက်တာ အကြောင်းတော့ရှိမှာပေါ့ ဘာလဲ ပြင်ပြင်ဆင်ဆင်နေချင်လို့လား မုန့်ဖိုးပေးရမှာလား"

ရှင်း မျက်လုံးအဝိုင်းသားလေးဖြစ်မိသည်။

" မမ ဘယ်လိုလုပ်သိ..."

" ငယ်လေးရယ် မမက ငယ်လေးတို့အရွယ်ကို ဖြတ်ကျော်လာတာပါ "

.....

"ကဲထားပါ မမဧကရီ ရန်ကုန်ကနေပြန်ရောက်နေတယ် မမ သူ့ကိုပြောလိုက်မယ် လိုတဲ့ ပိုက်ဆံ သူ့ကိုပဲ စိုက်ခိုင်းထားပြီး ပြန်ပေးလိုက်မယ် မနက်ဖြန် ငယ်လေး ဘယ်ချိန်အားမလဲ "

" အတန်းချိန်ပြီးမှဆိုတော့ ညနေ ၅လောက်မှ အိမ်မှာရှိလောက်မယ် "

"OK ငယ်လေး မမစီစဉ်လိုက်မယ်
ဒါပင်မယ့် ငယ်လေး မှတ်ထားနော် မမက ငယ်လေးကို အဲ့ကောင်လေးကြောင့်ပြုပြင်ပြောင်းလဲခိုင်းနေတာမဟုတ်ဘူး ပြင်ပြင်ဆင်ဆင်နေစေချင်လို့ ဒါဟာလည်း ငယ်လေးကို ငယ်လေးချစ်ဖို့ဆိုတာ သိစေချင်တာ လူဆိုတာ ကိုယ့်ကိုကိုယ်ချစ်မှ သူများက ကိုယ့်ကိုချစ်မယ် ကိုယ့်ကိုကိုယ်တန်ဖိုးထားမှ သူများက တန်ဖိုးထားတတ်မယ်
ချစ်တာနဲ့ အတ္တနဲ့လဲ မမှားစေနဲ့ပေါ့ ငယ်လေးလဲ မငယ်တော့ဘူးလေ ငယ်လေးသိချင်တာ ဝေခွဲမရတာရှိရင် ငယ်လေးအတွက် မမရှိတာကို မမေ့နဲ့ "

မမWhere stories live. Discover now