"ရှီးးးမကောင်းတဲ့လူနဲ့တွေ့တာတောင်ကောင်းဦးမယ် လန့်
လွန်းလို့လမ်းတောင်မလျှောက်နိုင်တော့ဘူး"စိတ်လှုပ်ရှားမှုကြောင့်ခွေကျလုဆဲဆဲဖြစ်နေတဲ့ခြေထောက်တွေကြောင့်ထိုင်ချမိသွားသည်။
"ချီခေါ်ရမလား??"
"မလိုဘူး....နင့်လမ်းနင်သွား"
"ငါ့လမ်းကနင်နဲ့မတူဘူးလား??"
ကိုယ်ထိုင်နေတဲ့နားအထိကိုယ်ကိုကိုင်းပြီးမေးလာတာကြောင့်
သူ့ကိုယ်ကြီးကိုတွန်းထားရသည်။"သွားပါ ဂျင်ရယ် နင့်ကြောင့်စိတ်ရှုပ်လို့သေတော့မှာပဲ!!!"
ဆံပင်တွေကိုဖွပစ်ရင်းဆိုတော့ မသွားသေးပဲကိုယ့်မျက်နှာကို
ဆွဲမော့စေသည်။"အခု...အခုဂျင်လို့ငါ့ကိုခေါ်လိုက်တာလားဝန်း??"
"ဟင်?"
ခေါ်လိုက်မိတာလား။
အခုကိုယ့်ပါးစပ်က ဂျင်လို့ထွက်သွားတာလား။"ဂျင်လို့ခေါ်..ခေါ်လိုက်တယ်"
"အဲ့ဒါငိုစရာပါလား နင်ကဘာလို့မျက်ရည်တွေကျနေတာလဲ"
တကယ်ကြီးမျက်ရည်တွေကျနေတာ။ကိုယ့်မျက်နှာကိုကိုင်
ထားတာကိုလည်းမလွှတ်ပေးပဲ ငိုနေတယ်ကော။"တကယ်ပဲ နမ်ဂျွန်းတို့ပြောသလိုဖြစ်နေတာထင်တယ်"
နမ်ဂျွန်းဆိုတဲ့နာမည်ကို ကိုယ်ရင်းရင်းနှီးနှီးကြားဖူးနေပါတယ်။နည်းနည်းသောက်လာတာမို့ အထင်မှားပြီးကြောင်နေတာ
လားမသိပေမယ့်ဆော့ဂျင်က အရှေ့ကိုတဖြည်းဖြည်းတိုးလာ
နေသလိုပဲ။"နမ်ဂျွန်းတို့ ဘယ်ကနမ်ဂျွန်း ဟဲ့!!_အင့်"
ရှင်းရှင်းလင်းလင်းခံစားမိနေတဲ့အထိအတွေ့က သူကိုယ့်
နှုတ်ခမ်းတွေကိုနမ်းနေခဲ့တာ။သူ့ကုတ်အင်္ကျီစကိုဆုပ်ချေပြီး
တွန်းတော့ လွှတ်မပေးပဲခေါင်းအနောက်ဘက်ကနေထိန်းကိုင်ပြီး ပိုတိုးပြီးဖိကပ်လို့နေပြန်တယ်။တစ်သက်လုံးတစ်ခါမှမရင်းနှီးခဲ့တဲ့အထိအတွေ့က အရမ်း
နူးညံ့တယ်။ဖြည်းဖြည်းချင်းကိုယ့်နှုတ်ခမ်းတွေစုပ်ယူလိုက်တာ
ကြောင့် လေးလံလာတဲ့ခံစားချက်ကမျက်လုံးတို့ကိုမှိတ်သွား
စေသည်။
![](https://img.wattpad.com/cover/248851973-288-k914909.jpg)
Final
Start from the beginning