Zawgyi
ဂျူဝန်းအတွက်နေ့ရက်တိုင်းကတူညီစွာဖြစ်နေခဲ့သည်။စာတွေ
ချည်းပဲဖိလုပ်နေခဲ့လို့ ဂုဏ်ထူးတန်းကိုလည်းပါလာတာကြောင့်နောက်ဆုံးနှစ်စာမေးပွဲမဖြေခင်စပ်ကြားမှာလည်းပင်ပင်ပန်း
ပန်းကိုလေ့ကျင်နေရတော့သည်။ဒီလိုတွေလုပ်နေရင်း အရင်ကအကြောင်းတွေမေ့နိုင်ပြီလားလို့ပြောလာခဲ့ရင် မေ့နိုင်ပါပြီလို့သာပြန်ဖြေရမည်။ဘယ်လို
ပက်သက်မှုမျိုးနည်းနည်းလေးတောင်မှမရှိခဲ့တဲ့အခြေအနေမှာ သူမအကုန်လုံးကိုလစ်လျူရှုထားနိုင်ခဲ့သည်။အခုလို ဆော့ဂျင်တစ်ချက်တစ်ချက်ပေါ်လာတိုင်းမှာတော့
ဒေါသထွက်စရာအကြောင်းတွေပြန်တွေးမိလို့ ကမောက်ကမ
ဖြစ်စရာတွေကတော့ရှိလို့လာသည်။ဥပမာထပ်ပြီးဘာမှမပြောချင်လို့ထားလိုက်ဖို့လုပ်ရင်တောင်
စိတ်မထိန်းနိုင်ပဲရန်လိုတဲ့စကားတွေသွားပြောမိတာမျိုးတွေရှိ
လာသည်။အရင်တုန်းကအချိန်တွေလိုအရမ်းခေါင်းမာခဲ့လို့လူကြီးတွေဘာမှဝင်မပြောခဲ့ပေမဲ့ အခုလိုအသက်ကြီးလာပြီးစိတ်ခံစား
ချက်တွေနုလာတဲ့လူကြီးတွေကိုမလွန်ဆန်ချင်တော့တာကြောင့်အလိုက်သင့်ပြန်နေပေးရပြန်သည်။"ဂျူဝန်းရှီ~အဲ့ဒါဆို ကိုယ်တို့ နောက်တစ်ပတ်မှပြန်တွေ့ကြ
မယ်နော် annyeong!!"အတွေးတွေများနေတဲ့ကိုယ်ရှေ့မှာလက်ကလေးလာရမ်းပြ
ကာမှ ကိုယ်လည်းသတိရတော့သည်။"အို! ကျေးဇူးပါ ဆန်းဘေးနင်းမ်...လိုက်ပို့ပေးတာကျေးဇူး
တင်ပါတယ်""ကျေးဇူးတင်ရင် ကိုယ့်ကိုဆန်ဘေးနင်းမ်လို့်ခေါ်တာရပ်ပါတော့ဂျူဝန်းရယ် အရမ်းအသက်ကြီးသွားသလိုပဲ နော်!"
ကိုယ့်ရှေ့မှာနှာခေါင်းလေးရှုံ့ပြီးပြောနေတဲ့ပုံစံကိုမမြင်ဖူးတာ
ကြောင့် တအံ့တသြကြည့်မိသွားသည်။"နော်လို့?..."
"အဲ...ဘယ်လိုခေါ်ရမလဲမသိဘူးလေ ဆန်းဘေးနင်းမ်လို့ခေါ်
တာကအဆင်အပြေဆုံး---""ထယ်ယောင်းအိုပါးလို့ခေါ်...သိပြီလားကလေးမ??"
ခေါင်းကိုပါတစ်ချက်နှစ်ချက်ပွတ်သွားရင်းပြောလိုက်တာမို့
ကိုယ့်မှာအယောင်ယောင်အမှားမှားနဲ့ခေါင်းငြိမ့်မိသည်။