Episode - 14 ( Z+U)

Start from the beginning
                                    

"ခွန်း....ခွန်းဆက်အိမ် "

ဟုပြောလိုက်သောကြောင့် ဘုန်းစစ်အပျော်ကြီးပျော်မိသည်။ ဘာမှတောင်မလုပ်ရသေးဘဲ အသာလေးသူ့လက်ထဲရောက်လာတာပဲ ။ ဒါပေမယ့် ဒီကိစ္စမှာ ခွန်းကိုတော့ဘာမှထိခိုက်စေမည် မဟုတ်ပေ ။

" ဘာလို့ထွက်ပြေးလာတာလဲ "

"ဟို...နောက်...နောက်မှမေးပါလား အဆင်ပြေမယ့်တစ်နေရာကိုမောင်းပေးပါလား? ကိုကို လိုက်လာမှာဆိုးလို့ "

ဘုန်းစစ် လည်းသက်ပြင်းချကာမြို့စွန်အိမ်ကိုသာမောင်းလာလိုက်သည်။ လူသူအရောက်အပေါက်နည်းသော နေရာတွင်ရှိနေသော အိမ်တစ်လုံး ။ အိမ်အရောက်တွင်ထိုအိမ်ပေါ်သို့တက်ကာ ခွန်းနဲ့စကားပြောဖြစ်ကြသည်။

"ကဲပြောပါဦး "

လန့်နေသဖွယ်ရှိတာမို့ ခွန်းကိုရေတိုက်ကာ အကြောင်းစုံကိုမေးလိုက်သည်။

" ဘာကြောင့်ထွက်ပြေးလာတာလဲ "

"ကြောက်....ကြောက်လို့ "

အတုန်တုန်အရီရီနဲ့ပြောနေသော ခွန်းကိုကြည့်၍ ဘုန်းစစ် မျက်မှောင်ကြုံ့လိုက်သည်။

ခွန်း လည်းအခုမှတွေ့တဲ့သူကိုအကြောင်းစုံမပြောပြသင့်ဘူးဆိုတာသိပေမယ့် သူ့ကိုကယ်တင်ပေးခဲ့တဲ့သူမို့သာ အကြောင်းစုံကိုပြောပြလိုက်သည်။

ခွန်း ပြောပြနေရင်း ဘုန်းစစ်ကိုကြည့်လိုက်တော့ နည်းနည်းဒေါသထွက်နေဟန်ရှိသည်။ ဘုန်းစစ် လည်း ခွန်းပြောသမျှကိုသေချာနားထောင်လိုက်သည်။

" လက်ကအမာရွတ်တွေက မုန်းမာန်စစ်သွေး လုပ်တာတွေလား?"

ခွန်း လည်းသက်ပြင်းချ၍ ခေါင်းငြိမ့်ပြလိုက်သည်။

ဘုန်းစစ် လည်း ခုံပေါ်ကကားသော့ကိုယူကာ ထွက်သွားရန်ပြင်တော့ ခွန်းကလက်ကိုဆွဲကာ

" ကြောက်တယ်....ဒီနေရာကြီးက....မ...မသွားပါနဲ့ "

ခေါင်းကိုခါ၍ ငိုမဲ့မဲ့ပြောနေသော ကောင်လေးသည်ချစ်စရာအတိမို့ ဘုန်းစစ်ဟန်သဘောကျစွာပြုံးလိုက်သေးသည် ။
‌အ‌ညို‌ေရာင်ဆံပင်အုပ်အုပ်လေးဟာလည်း တလွင့်လွင့် ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now