Episode - 32 (Z+U)

12.8K 1.2K 50
                                    

Unicode
...................

" အန်တီ "

" သားလေးပ်ိုင်သူ လာလေ ဒဏ်ရာတွေရော သက်သာသွားပြီလား ?"

" ဟုတ်ကဲ့အန်တီ သွန်းရော "

" ညီမလေးကစာကျက်နေတယ် နောက်တစ်ပတ်ဆို တက္ကသ်ိုလ် စာမေးပွဲဖြေရတော့မှာ "

" အင်း ညီမလေးတောင် ကျောင်းပြီးဖို့တစ်နှစ်ပဲလိုတော့တယ် "

ပိုင်သူပြောတော့ ဒေါ်မမခင် ကပြုံး၍ကြည့်လာသည်။

" အန်တီ သားတောင်းပန်ပါတယ် လူကြီးတွေ စီမံတာက်ိုလက်မခံခဲ့လို့ "

" မလိုပါဘူး သားရဲ့ ။ သားမှာလည်းသားဘ၀နဲ့သားရှိမှာပဲလေ အန်တီတ်ို့ကို တောင်းပန်စရာမလိုပါဘူး "

ပိုင်သူကတော့ ဒေါ်မမခင်ကိုပြုံး၍သာကြည့်နေလေသည်။

" အော်ဒါနဲ့သားလေး နာမည်က်ိုဘာလို့ပြောင်းလိုက်တာလဲ "

" ဒိီလိုပါပဲအန်တီ အရင်ဘ၀က်ိုမေ့ပြီး သားဘာသာသား ရပ်တည်နိုင်အောင်ကြိုးစားချင်လို့ "

" အဲ့တာဆို အန်တီတို့ရဲ့ ကျောက်မျက်ရတနာဆိုင်မှာအလုပ်၀င်မလား ?"

ဒေါ်မမခင်ပြောတော့ ပ်ိုင်သူလည်းပျော်သွားကာ

" ဟုတ်ကဲ့အန်တီ ရမယ်ဆိုရင်ပေါ့ "

" အဲ့တာဆို ဒဏ်ရာတွေသက်သာတဲ့နေ့ အလုပ်လာဆင်းလို့ရပြီ "

" ဟုတ်ကဲ့ကျေးဇူးပါ ဘာမှမလုပ်ဘဲ အန်တီတို့အိမ်မှာနေနေရတာ အားနာတယ်ဗျာ  "

" အမ‌ေလး သူစိမ်းတွေမှမဟုတ်ဘဲနဲ့ ဘာမှမလုပ်ဘဲလည်းနေလို့ရတယ် ။ ဒါပေမယ့်အဲ့လ်ိုဆိုသားရဲ့ရည်မှန်းချက်တွေပျောက်ကုန်လိမ့်မယ် "

" ကျေးဇူးပါ အန်တီ ။ ညီမလေးကို စာသွားကူပေးလိုက်ဥိီးမယ် "

" အေးအေး သွားလ်ိုက် "

အခန်းထဲ၀င်လိုက်တော့ စာကျက်နေတဲ့ညီမလေးကိုတွေ့လိုက်တာမို့ အခန်းထဲ၀င်သွားကာ

" ကိုကို ဘာကူပေးရမလဲ "

" ဟာ.... ကိိုကိုရောက်လာတာလား ? ဘာမှကူပေးစရာမလိုဘူးနော် ။ သံဆူးချွန်နဲ့ထိုးမိထားတဲ့လက်ကိုရော ဘာလုပ်ထားလဲ ဒဏ်ရာတွေမပျောက်သေးဘူးလေ အေးဆေးမနေဘူး ဟွန့် ...... "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now