Episode - 36 (Z+U)

18.1K 1.3K 103
                                    


Unicode
.....................

နီးစပ်ရာ ဟိုတယ်ခန်းတစ်ခန်းကို ယူ၍ ခွန်း ကိုလှုပ်မရအောင်ပွေ့ချီ၍ အခန်းသော့ကိုယူကာ အခန်းသို့သွားနေသည်။

ဝုန်း..... !

တိုးသည်မဟုတ် ကျယ်သည်မဟုတ်သော အသံသည် ခွန်း ကိုကုတင်ပေါ်သို့ ပစ်ချလိုက်တာကြောင့် ထွက်ပေါ်လာရခြင်းဖြစ်သည်။

" လွှတ်....မထိနဲ့....!"

ခွန်း လည်း သူ့အင်္ကျီတွေကိုဆွဲဆောင့်နေသော မာန့် လက်ထဲမှလွှတ်စေရန် ရုန်းလိုက်သော်လည်း အရာမထင်ပေ ။

ဖြန်း!

ခွန်း လည်း စိတ်တိုလာတာမို့ မာန့်ကိုပါးရိုက်လိုက်သည်။ သူလိုချင်တာဒါမျိူးမှမဟုတ်တာ ၊ ခင်ဗျားတော့ နောင်တတွေထပ်ရတော့မှာပဲ ။

မာန် လည်း ရိုက်ခံလိုက်ရသည့် ပါးကို မထိတထိပွတ်၍

" ကြိုက်သလောက်ရိုက်! ရပ်မှာမဟုတ်ဘူး "

ရီဝေဝေအကြည့်နှင့် သူ့ကိုစိုက်ကြည့်နေသော မာန့် ပုံစံသည် တကယ်ကိုကြောက်စရာကောင်းလှသည်။ သားရဲဟာ သူ့ရှေ့ကယုန်သူငယ်လေးကို စားရန်ကြံနေသလိုမျိုး ။

ခွန်းဆက်အိမ် အနားကို တဖြည်းဖြည်းတိုးကပ်လာသော မာန့် ကိုရှိသမျှအားတို့ဖြင့် တွန်းထုတ်နေလေသည် ။
မာန် က ခွန်း ရဲ့ နား,အနားကိုကပ်၍

" ၄ နှစ်လုံး ကိုယ့်ဘေးနားကနေထွက်ပြေးခဲ့တဲ့အတွက် တာဝန်ယူသင့်တယ် မထင်ဘူးလား?"

" လွှတ်.....တောင်းပန်ပါတယ်..... မလုပ်ပါနဲ့ "

အသိစိတ်မရှိသလိုတွေ ပြုမူနေတဲ့ မာန့် ကိုတဖြည်းဖြည်းချင်း ကြောက်လာရသည် ။ ထို့နောက် ခွန်း ရဲ့အဝတ်တွေကိုဆွဲဖြဲလိုက်တာမို့ ခွန်း လည်း ကြောက်ကန် ကန်၍ ရုန်းတော့သည်။

" လွှတ်လို့....မထိနဲ့....ခင်ဗျား မူးနေပြီ...လွှတ်ပေးလို့ "

ခွန်းဆက်အိမ် တကယ်ပင် မာန့် ကိုကြည့်ရင်းစိတ်ပျက်လာသည် ။ ဘာဖြစ်လို့လဲ? သူ့ကျမှ ဘာဖြစ်လို့ ဒီလိုမျိူးတွေဖြစ်နေရတာလဲ? သူ့ဘဝကြီးကိုမုန်းတယ် ၊ အခုထိ တကယ်မပြောင်းလဲသွားဘူးပဲ ၊ မျှော်လင့်ချက်တို့ဟာ လုံးဝအောက်ဆုံးပြုတ်ကျခဲ့လေပြီ ။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now