Episode - 24 (Z+U)

14.1K 1.3K 26
                                    

Unicode
......................

" အချစ်! "

ပြောရင်း Luous ကိုပြေးဖက်လာသော Rhon ကို Luous ကပိုကိုပိုတယ်ဆိုတဲ့အကြည်နဲ့ ကြည့်လိုက်သည်။

" မောင် ဒေါ်လေးရှိတယ်လေ "

"အေးအေး မင်းတို့ခေတ်ပဲလုပ်ကြ ငါဒီနေရာမှမရှိခဲ့ဘူးမှတ်လိုက် "

"ဒေါ်လေးကလည်း "

Rhon ကပြောတော့ ဒေါ်လေးကလည်း ရယ်ကာ

" အေးပါ အေးပါ ဒေါ်လေးမင်းတို့စားဖို့ တစ်ခုခသွားဝယ်လိုက်ဦးမယ် Luous လည်း နေ့လည်စာပါစားသွားနော် "

Luous လည်းခေါင်းငြိမ့် ဒေါ်လေးကိုနှုတ်ဆက်လိုက်သည်။

" ချစ်ကွာ မောင့်ကိုသတ်ိမရဘူးလား? လာတောင်မတွေ့ဘူး "

" မဟုတ်ပါဘူး မောင်ရယ် ၊ အချစ်မှမအားတာ ဘယ်လိုလာရမလဲ အခုတောင် မာမီပြောလို့လိုက်လာတာ အချိန်မရဘူး ဒေါ်လေးကိုတော့ အားနာပါတယ် တနင်္ဂနွေမှ သေချာတွေ့ကြမယ်နော် အချစ်ပြန်တော့မယ် နောက်ချိန်တွေရှိသေးတယ် သိတယ်မဟုတ်လား? ကျောင်းဝင်ခွင့်တွေက ဖြေရတော့မှာ ကျောင်းတိုင်းလေ "

Rhon လည်းတစ်ခုခုကိုစဉ်းစားမိကာ

" အဲ့တာဆို မောင့် ညီလေးတစ်ယောက်ကို အချစ်သင်ပြနိုင်မလား? "

"အော် မာမီပြောတဲ့ကောင်လေးလား?"

"အင်း သူကဉာဏ်တော့ကောင်းတယ် လိုအပ်တာလေးတွေသင်ပေးရုံပဲ "

" အင်းပါ ရှုတ်ရှုတ်ရှပ်ရှပ်တွေတော့မလုပ်နဲ့နော် အချစ်အကြောင်းသိစေရမယ် "

"ဟုတ်ပါပြီ မင်းလေးကလွဲပြီး ဘယ်သူမှမရှိ "

" ဟုတ်ပါပြီ ။  သူများတွေကြားရင် အမြင်ကတ်နေကြတော့မှာပဲ ပိုကိုပိုတယ် "

"အဲ့တာ အချစ် အတွက်လေ မွ "

နှုတ်ခမ်းပါး၂ခါကိုတစ်ထပ်တည်းကျစေကာ အနမ်းဖွဖွလေးပေးပြီးတာနဲ့ Luous လည်း Rhon ရဲ့အိမ်ထဲမှထွက်သွားတော့သည်။

ကျွီ......

တံခါးဖွင့်သံကြောင့် Rhon လည်းထကြည့်တော့ ဒေါ်လေး ပြန်လာတာဖြစ်နေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now