ဘာလို့စောင့်ရမှာလဲတဲ့လား? သေချာတာပေါ့
အခုမှ ချူချန်းရန်မှာ IQ50%ဘဲရှိသေးတာလေ။
သူ ဦးနှောက်ရှိလာတာမှန်ပေမယ့် သူသာIQအပြည့်ရသွားရင် သူ့ခံစားချက်တွေပြောင်းသွားနိုင်တာဘဲလေ။

ဒါပေမယ့် ဒီအကြောင်းကိုပြောပြလို့မဖြစ်တဲ့အ
ပြင် စုယွီကိုယ်တိုင်ကလဲချူချန်းရန်ကို မလိမ်
ချင်ဘူး။သူ့လက်သွယ်သွယ်လေးနဲ့ သူ့ရှေ့က
လူကြီးရဲ့နှုတ်ခမ်းကိုပိတ်လိုက်ကာ
"အခုမပြောနဲ့အုန်း ကျွန်တော်ဗိုက်ဆာနေပြီ"

"..."
ကောင်းပြီ ကောင်းကင်နဲ့မြေကြီးပြိုကျမတတ်
ဖြစ်နေရင်တောင် သူ့ချစ်သူလေးဗိုက်ဆာနေတာ
ကပိုအရေးကြီးတယ်။ချူချန်းရန် သက်ပြင်းချကာ
"သွားရအောင် ကိုယ်နဲ့သွားစားကြမယ်"

သူတို့မှာဒီလောက်နှစ်တွေ အများကြီးကျန်သေးတာဘဲ။ သူ့ချစ်သူလေးမှာသူ့ကိုတစ်သက်လုံးထုတ်ပြောမှာမဟုတ်တဲ့လျို့ဝှက်ချက်တွေအများကြီးရှိနေရင်တောင် ဘာလုပ်ရမှာလဲ? ထိုသူသာ
သူ့ဘေးမှာရှိနေသရွေ့ အကုန်အဆင်ပြေတယ်။

စုယွီ ချူချန်းရန်ကိုနေ့တိုင်းတက်ကြွစွာ
နှုတ်ဆက်ပြီး သူ့ရဲ့IQကို ဖြည့်ပေးနေတယ်။

ထိုနေ့တွေမှာ စုယွီ ကျန်းယွဲ့ယွဲ့ရဲ့ထောင်ထဲရောက်သွားတဲ့အကြောင်းကို ဘောလုံးလေးဆီကနေ
ကြားလိုက်တယ်။

ကုမ္ပဏီရဲ့လျို့ဝှက်သတင်းကိုခိုးတာက
တရားသူကြီးအပေါ်မူတည်ပြီး အမှူကြီးနိုင်သလို
သေးလဲသေးနိုင်တယ်။

တကယ်လို့ချူချန်းရန်မှာသာIQလုံးဝမရှိရင် ကျန်းယွဲ့ယွဲ့ကိုအရေးမယူဖို့ ချူချန်းရန်လုပ်လိမ့်
မယ် ပြီးရင် သူမကိုလုံးဝကူညီပေးပြီး
မူလဇာတ်ကြောင်းဖြစ်တော့မှာ

ဒါပေမယ့် အခုတော့ချူချန်းရန်မှာ ကျန်းယွဲ့ယွဲ့နဲ့တွေ့စရာအကြောင်းကိုမရှိတော့ဘူး။

ကျောင်းဟော်ကဒီကိစ္စမှာ ကြံရာပါဖြစ်တာမို့
သူထောင်တစ်နှစ်ကျပြီး ကုမ္ပဏီကို
ဒေါ်လာ50000ပြန်ဆပ်ရမှာဖြစ်တယ်။

ကျန်းယွဲ့ယွဲ့ကအလုပ်ဖြုတ်ခံလိုက်ရပြီး
ထောင်တန်းကျသွားတယ်။တကယ်လို့သူမ
ပြန်ထွက်လာရင်တောင် သူမရှေ့လျှောက်
လွယ်ကူမှာမဟုတ်တော့ဘူး။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now