Chapter 28 | Arc 2.16
ညနေ၅နာရီခွဲလောက်တွင် စုယွီ ကုမ္ပဏီမှထွက်လာပြီး Drunken Moonကို ၆နာရီအတိတွင်ရောက်လာခဲ့သည်။လုမန်နီကတော့ private roomထဲမှာတောင်စောင့်နှင့်နေပြီ။ အရင်တစ်ခေါက်လာတုန်းက အခန်းကိုဘဲ စုယွီဘိုကင်ယူထားလိုက်တယ်။
စုယွီထိုင်လိုက်တာနဲ့ လုမန်နီကိုတောင်မကြည့်သေးဘဲ ဘောလုံးလေးကို မေးလိုက်တယ်။
"ချီချန်းရောက်နေပြီလား?""ဟုတ်ကဲ့ သူရောက်နေပါပြီ...Magonlia Hallရဲ့ဘေးအခန်းမှာပါ"
ဘောလုံးလေးနာခံစွာဖြေလိုက်တယ်။အခုပုံစံက အရင်တစ်ခေါက်တုန်းကအဖြစ်အပျက်ကိုတောင်ပြန်မြင်ယောင်လာစေတာဘဲ။
စုယွီ ချောင်းအသာဟန့်လိုက်ကာ
"Eye of the Soul"ကို installလိုက်တယ်။"Eye of the Soul"ရဲ့လုပ်ဆောင်ချက်တွေက ပြင်ပသွင်ပြင်ကိုစစ်ဆေးတာမဟုတ်ဘဲ အတွင်းစိတ်ဝိဥာဏ်ကိုစစ်ဆေးတာဖြစ်တယ်။
Installလုပ်ပြီးတာနဲ့ စုယွီရဲ့အာရုံတွေက ဘေးအခန်းကိုတိုက်ရိုက်သွားလေတယ်။ ခဏအကြာမှာဘဲ စုယွီ သူလိုချင်တဲ့အဖြေကိုရသွားတယ်။
စုယွီ နှလုံးခုန်သံမြန်သွားပြီး အာရုံကိုပြန်ရုတ်လိုက်လေတယ်။"Eye of the Soul"က တခြားအသုံးပြုသူတွေအရမ်းလိုချင်နေတဲ့ အရည်အသွေးမြင့်တဲ့ပစ္စည်းဖြစ်တယ်။ ဒီပစ္စည်းက လူတွေရဲ့နှလုံးသားကိုပါဖောက်မြင်နိုင်စွမ်းရှိပေမယ့် စုယွီကတော့ အဲ့လောက်ထိကြည့်စရာမလိုပေ။
သူ့မှာ သူ့ကိုယ်ပိုင်အစွမ်းရှိတယ်၊သူ "Eye of the Soul"ကို အနောက်ကအိတ်ထဲပစ်ထည့်လိုက်တယ်။
အဲ့အချိန်ကျမှဘဲ စုယွီ လုမန်နီကိုကြည့်လိုက်ကာ
ခပ်ပါးပါးလေးပြုံးလိုက်ကာ လုမန်နီကို
"မစ္စလုက ဒီနေ့အတော်လှနေတာဘဲ""ဥက္ကဌကျောက်ကတော့ မြှောက်ပင့်နေပါပြီ"
လုမန်နီ လုပ်ပြုံးလေးပြုံးလိုက်ကာ-
သူမနှလုံးသားထဲမှာတော့ ဒီလိုချီးကျူးခံရလို့
ပျော်ရွှင်မနေပေ။အခုချိန်မှာ အပြစ်ကျူးလွန်ထားသလိုကြောက်ရွံ့နေရကာ သူမလက်တွေမှာ ချွေးတွေထွက်နေလေတယ်။
ŞİMDİ OKUDUĞUN
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantastikNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...