Chapter 30 | Arc 2.18
IQသုညနဲ့တစ်ယောက်က သူ(ချီချန်း)ကသိလိုက်တော့ သူမပျော်မရွှင်ဖြစ်သွားတယ်။
သူ့ရဲ့IQကအရမ်းမြင့်ပါတယ်....ဘယ်လိုလုပ် သူ့ချစ်သူက သူ့ကိုIQသုညဆိုပြီးခေါင်းစဥ်တပ်လိုက်ပါလိမ့်..သူမကျေနပ်ကြောင်းထုတ်မပြောရသေးခင်က စုယွီကဆက်ပြောလိုက်တယ်။
"ဒါပေမယ့် ဘယ်လိုလုပ်မလဲ.....ကျွန်တော်ကအဲ့အရူးလေးကို ကြိုက်မိနေမှတော့"စုယွီ ချီချန်းကို သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေနဲ့ ဖြူစင်စွာ မျက်တောင်ခတ်ပြလိုက်တယ်၊
ခုနက ဖြစ်နေတဲ့ ချီချန်းရဲ့စိတ်တွေ ချက်ချင်းပျောက်သွားတယ်။ သူသက်ပြင်းချလိုက်ကာ
ဟုတ်ပါပြီ...သူဘာဆက်ပြောနိုင်မှာလဲ...သူ့အချစ်ကဘာပြောပြော သူလက်ခံရမှာဘဲ ဟုတ်တယ်မလား?မနက်စာစားပြီးသွားတော့ သူတို့ရဲ့အလုပ်ကိုယ်စီကြောင့် ခဏတာပြန်ခွဲရဦးမယ်။ထိုအချိန် ချီချန်းက စုယွီ့ကို သေချာအောင်ထပ်မေးလိုက်တယ်။
"အခုကိုယ်တို့က ချစ်သူတွေမလား?""ဒါပေါ့...ကျွန်တော်တို့ တစ်သက်လုံးအတူရှိသွားကြမှာ"
ချီချန်းရဲ့စကားတွေက သူ့ကိုသူအလံဖြူပြထားသလိုဖြစ်နေတာကြောင့် စုယွီညင်သာစွာနဲ့
"ပြီးတော့ ဒီဘဝတင်မဟုတ်ဘူး....နောက်ဘဝတွေတိုင်းလည်း အတူရှိနေသွားမှာ"ချီချန်း စုယွီကိုမက်မောစွာကြည့်လိုက်ပြီး ခဏအကြာ သူသက်ပြင်းချလိုက်ပြီး လေးပင်စွာနဲ့
"ကိုယ်တကယ်မင်းကိုဖွက်ထားလိုက်ချင်တယ်...အဲ့ဒါဆိုမင်းက ကိုယ်တစ်ယောက်ထဲရဲ့အပိုင်ဖြစ်သွားမှာ...ဒီလိုသာဆိုရင် ကိုယ်နောက်ထပ်ကြောက်မိမှာမဟုတ်ဘူး"စုယွီ ခဏလောက်မင်သက်သွားမိတယ်။
အရင်ဘဝတုန်းကလည်း သူတို့၂ယောက်သေသွားတဲ့အထိ အတူရှိနေခဲ့ကြတာဘဲလေ...အဲ့ဒါကိုဘယ်လို့သူ့ချစ်သူက ဒီလောက်ပိုင်ဆိုင်လိုစိတ်တွေများလာတာလဲ?စုယွီ သူ့လက်လေးကိုမြောက်ကာ သူ့အချစ်ရဲ့ခေါင်းလေးကို ကလေးကိုချော့မြူတဲ့အတိုင်း ပွတ်ပေးလိုက်ကာ
"အဆင်ပြေပါတယ် ဘာမှမဖြစ်ဘူးနော်...တကယ်လို့ခင်ဗျား...ကျွန်တော့်ကိုဖွက်ထားခဲ့ရင်တောင် ကျွန်တော်ကခင်ဗျားအပိုင်ဖြစ်နေတုန်းဘဲ...ကျွန်တော့်ကိုလွမ်းရင် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းခေါ်လိုက်."
YOU ARE READING
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasyNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...