Chapter 22 | Arc 2.10
Unicodeဘောလုံးလေး ခဏလောက်ရပ်သွားကာ
"Ah သူတို့တွေအကုန်လုံးက အမျိုးသားဇာတ်လိုက်တွေဘဲလေ.....Ack!&*#%¥!"အဆုံးမှာထွက်လာတဲ့ အသံထူးထူးဆန်းဆန်းလေးတွေက စုယွီ ဘောလုံးလေးကို ဆွဲလိုက်ညစ်လိုက်လုပ်လို့ ထွက်လာတဲ့အသံတွေဖြစ်သည်။
"ကျွန်..ကျွန်..ကျွန်တော် တကယ်မသိတာပါ သခင်လေးhost!"
နှစ်ကြိမ်လောက် အားရပါးရ ကစားခံလိုက်ရတဲ့ဘောလုံးလေးက ငိုဖို့အားတောင်မကျန်တော့ဘူး။
"ကျွန်တော်သိတာတစ်ခုက ချီချန်းနဲ့ချူချန်းရန်တို့နှစ်ယောက်လုံးက သူတို့ကမ္ဘာတွေရဲ့ ဇာတ်လိုက်ဆိုတာဘဲ ပြီးတော့ သူတို့က သခင်လေးhostရဲ့ အဓိကtaskတွေ။ ကျန်တာတော့ ကျွန်တော်လဲ တကယ်မသိဘူး ဝူး ဝူး ဝူး!"
စုယွီ ဘောလုံးလေးကို ထိုးဖောက်မတတ်ကြည့်နေတာကိုရပ်လိုက်ပြီး လွှတ်ပေးလိုက်သည်။ထို့နောက် ပြုံးလိုက်ကာ
"Sorry ငါစိတ်အခြေအနေမကောင်းလို့ မထိန်းနိုင်ဘဲ မင်းကို နှစ်ခါလောက် ဆော့လိုက်မိတယ်"
.
စုယွီပြောလိုက်တဲ့ 'ဆော့'ဆိုတဲ့နေရာမှာ သိသိသာသာ ပြောလိုက်သည်။ဘောလုံးအသေးလေးကတော့ သတိမထားမိလိုက်ဘူး။သူ့ကိုပြန်လွှတ်ပေးလိုက်တာကို ခံစားရလိုက်တာနှင့်တပြိုင်နက် သူ့ရဲ့မကောင်းဆိုးဝါးhostဆီကနေ လေလိုထွက်ပြေးသွားတော့သည်။သူ့host သူ့ကိုနူးနူးညံ့ညံ့လေး ပြန်ဖတ်ရင်တောင် အနည်းဆုံးတော့30000 pointsကတော့ ပျက်စီးသွားသလိုခံစားလိုက်ရသည်။
မဟုတ်ဘူး hostသာသူ့ကို ဖက်မယ်ဆိုရင် သူ့ကိုpsychological traumaရသွားမှာ အသေအချာဘဲ!
ဘောလုံးလေး ထောင့်မှာပုန်းနေတာကို စုယွီဂရုမစိုက်တော့ဘဲ မျက်လုံးတွေကျဥ်းမြောင်းကာ ဒီကိစ္စကိုသေချာတွေးနေတော့သည်။
ချီချန်းနဲ့ ချူချန်းရန်ကတကယ်ဘဲ ဘယ်လိုဆက်နွယ်နေကြတာလဲ?
ချီချန်းစုထားတဲ့ပစ္စည်းတွေနဲ့ အရင်ကမ္ဘာတုန်းက ချူချန်းရန်စုခဲ့တဲ့ပစ္စည်းတွေက အနည်းဆုံး99%တူနေပေသည်။ဒါကဘယ်လိုမှ တိုက်ဆိုင်မှုဆိုတာ မဖြစ်နိုင်တော့။
![](https://img.wattpad.com/cover/249999205-288-k971495.jpg)
BẠN ĐANG ĐỌC
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
Viễn tưởngNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...