အပိုင်း(၃၆)စိတ်မချလေသောကြောင့်...မွေးရပ်မြေဆီသို့

Start from the beginning
                                    

"တော်ပါတော့...ခွဲစိတ်ခန်းရှေ့ ရန်မဖြစ်နေပါနဲ့...မောင့်အခြေအနေကို အရင် အေးဆေးစောင့်ရအောင်ပါ...ကျွန်တော်တောင်းပန်ပါတယ်"

လွန်းငယ် ကြားထဲမှ မျက်ရည်များဖြင့် တောင်းပန်စကားဆိုကာ တားဆီးလိုက်ရသည်။

ကိုဆက် ဘာမှပြန်မပြောနေတော့ဘဲ လွန်းငယ်အား အားနာစွာ ငြိမ်နေလိုက်သည်။ ဖြူလုံးကောင်ကိုတော့ လုံးဝမကျေနပ်ပါ။ ကျေနပ်စရာလည်း တစက်မှမရှိ။ သူ့အား အသားလွတ်မျက်စောင်းထိုးသွားပြီး "ဟွန့်"ဟူ၍ နှာမှုတ်သွားသေးသည်။

ကိုဆက် တော်တော်လေးသည်းခံထားရခြင်းပင်။ ခွေးကို ရိုက်ချင်ရင် ခွေးသခင်မျက်နှာတော့ ကြည့်ရဦးမည် မဟုတ်လား။ လွန်းငယ် ရှိနေသည့်အပြင် ခံစားချက်မရှိ လူသတ်သမားပုံစံပေါက်နေသူကလည်း ထိုကောင်စုတ်လေးအား ကာကွယ်နေသည်လေ။

ခွဲစိတ်ခန်းတံခါးပွင့်ကာ ခွဲစိတ်ဆရာဝန် အခန်းအပြင်သို့ထွက်လာလေသည်။

"ဒေါက်တာ မောင့်အခြေအနေ ဘယ်လိုလဲ"

"လူနာရှင်လားဗျ"

လွန်းငယ် မဆိုင်းမတွပင် ဝင်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော် လူနာရှင်ပါ"

"ခွဲစိတ်မှုက အောင်မြင်ပါတယ်"

လွန်းငယ် ဝမ်းသာစွာ ဒေါက်တာ့လက်အား ဆုပ်ကိုင်၍ ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးပါ...တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ"

"လူနာအခြေအနေတော့ စောင့်ကြည့်ရမယ်ဗျ...မေ့ဆေးပြယ်ပြီး သတိမရလာသေးရင်တော့ Coma ဝင်သွားနိုင်တယ်"

လွန်းငယ် ဆုပ်ကိုင်မိထားသော လက်အားလွှတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ ယိုင်သွားရသည်။

"Kren"

"သခင်လေး"

ပုခုံးအား ဆုပ်ကိုင်ပေးလာသော Zenoအား လွန်းငယ် ဖက်ထားလိုက်မိသည်။

"Zeno တကယ်ဆို လူနာကုတင်ပေါ် လှဲနေမဲ့သူက ငါဖြစ်ရမှာ...ငါ့ကြောင့်...ငါ့ကြောင့် Zeno...ငါနဲ့ပတ်သတ်သူတိုင်းက ငါ့ကြောင့်အမြဲ ကံဆိုးရတတ်တယ်...ငါကတကယ် မကောင်းတဲ့ကောင်ပဲ"

စေရာ(Complete)Where stories live. Discover now