"အာ့ ပါဆယ်ဆွဲတာတွေလည်း ကိုယ်အကုန်လုံးအိမ်မှာချက်ပြီးထည့်လာတာကလေးရဲ့ ကိုယ်ချစ်တဲ့ကလေးနဲ့သက်ဆိုင်တဲ့အရာမှန်သမျှ ကိုယ့်လက်နဲ့ပဲ လုပ်ပေးချင်တာ"

သူ့အတွက် အာ့လောက်ဂရုစိုက်ပေးပြီး အစစအရာရာ စီစဉ်ပေးတတ်သောထိုလူကြီးကိုအရမ်း သဘောကျသည်။ထိုလူကြီးကိုအမြဲတမ်းသူ့အပိုင်ဖြစ်ချင်မိသည်။

"လူကြီး ခင်ဗျားကိုကျွန်တော်ချစ်တယ်နော်"

ဝမ်ရိပေါ် ကလေးနှုတ်ခမ်းလေးကို ဖိကပ်နမ်းကာ

"ကိုယ်လည်း ကိုယ့်ကလေးလေးကို အရမ်းချစ်ပါတယ်ဗျ"

"လူကြီးခင်ဗျား ကျွန်တော့်ကိုဘာလို့ချစ်တာလဲဟင်"

"မနေ့ကလို ကိုကိုလို့ခေါ်ရင် ပြောပြမယ်"

"မရဘူး ပြောပြပါဆို"

"ကိုကိုလို့ခေါ်လေ အာ့ဆို"

"ကို ကိုကို"

"အပြည့်အစုံပြောလေ ကလေးရဲ့"

"ကိုကို ကျွန်တော့်ကိုဘာလို့ချစ်လဲဆိုတာ ပြောပြလို့ ဟင်"

"အင် ကိုယ်ကကလေးမို့လို့ကိုချစ်တာ
ကလေးကို မြင်မြင်ချင်းချစ်မိတာဆို ကလေးယုံမှာလား?"

"မယုံတာ..."

"တစ်ကယ်...ကိုယ်ကလေးကိုမြင်မြင်ချင်း ချစ်မိတာ..."

"ဟွန်း ကျွန်တော် မတော်တဆဖြစ်လို့ရုပ်ဆိုးဗိုက်ပူကြီးဖြစ်သွားရင်ရော"

"ကလေးရုပ်တွေဘယ်လိုပြောင်းသွားပါစေ ကိုယ့်ကိုချစ်ပေးတဲ့ကလေးလေး ဖြစ်နေသေးသ၍ ကိုယ်ချစ်နေမှာ"

အာ့စကားတစ်ခွန်းနဲ့တင် ရှောင်ကျန့်မျက်ရည်ကျလောက်အောင် ဝမ်းသာရသည်။လူကြီးက ရှောင်ကျန့်ဆိုတဲ့ဖြစ်တည်မှုကိုမဟုတ်ဘဲ သူ့ကိုမို့လို့ချစ်တာတဲ့။သူ့အတွက် အချစ်ဆိုတာကို သူ့အဖေတွေဆီမှရခဲ့သော်လည်း ထိုအချစ်တွေက မူလရှောင်ကျန့်ဖြစ်နေလို့ သူတို့ဆီကရတာလို့တွေးမိတိုင်း သူစိတ်မသန့်ဖြစ်ခဲ့ရသည်။သို့သော်လူကြီးကတော့ မတူ။မူလရှောင်ကျန့် နဲ့ဘာမှမပတ်သတ်ဘဲ သူဤခန္ဓာကိုယ်ကိုရောက်လာပြီးမှ သူနဲ့လူကြီးနဲ့တွေ့ခဲ့ရသည်မဟုတ်ပါလော။

 Surviving As A Backup Character[System]Where stories live. Discover now