‌Arc 4.06

6.3K 531 87
                                        

[ Unicode ]

အဖြူရောင် အခိုးအငွေ့များဖြင့် ပြည့်နှက်နေသော ယစ်ပူဇော်စင်ကြီး၏ ရှေ့တွင် အနက်ရောင်ဝတ်ထားပြီး အေးစက်စက်အငွေ့အသက်များဖြင့် လွှမ်းခြုံထားလျှက်ရှိသော ကောင်လေးတစ်ယောက်ရှိသည်။ထိုကောင်လေး၏မျက်နှာမှာ မည်သည့်အမူအရာမှ မရှိနေသော်လည်း ထိုကောင်လေး၏အရှေ့တွင် ယုံကြုံးမရခြင်း၊ဝမ်းနည်းခြင်းများဖြင့် ‌ကြမ်းပြင်ပေါ်တွင် ထိုင်လျှက်ရှိနေသော ကောင်လေးအပေါ်တွင်ကြည့်နေသော အကြည့်များတွင်တော့ဝမ်းနည်းခြင်းနှင့် ဖော်ပြ၍ မရသောပျော်ရွှင်မှုတို့ ပါဝင်နေလေသည်။

ထို့နောက် ထိုအနက်ရောင်ဝတ်ထားသော ကောင်လေးကပင် ကြမ်းပြင်ပေါ်တွင် ပုံလျှက်ထိုင်နေသော ကောင်လေးကိုကြည့်ကာ .....

"ဟုတ်တယ် ကိုယ့်ကိုတစ်ကိုယ်ကောင်းဆန်တယ်လို့ မင်းထင်နိုင်တယ် ဒါပေမယ့်ကိုယ်လုပ်ခဲ့တာတွေ အားလုံးက မင်းတစ်ယောက်တည်း အတွက်ပါပဲကွာ"

သူ့မျက်နှာမှာ မပြောင်းလဲသော်လည်း ထိုစကားသံထဲတွင်တော့ ကလေးကိုအလိုလိုက်နေသော လေသံမျိုးပါဝင်လေသည်။

"မကြားချင်ဘူး တော်ပါတော့"

အဖြူရောင်နှင့် ကောင်လေးက နားနှစ်ဖက်ကို ကြမ်းကြမ်းဆွဲပိတ်လိုက်ကာ ခေါင်းကိုခါရမ်းလျှက် မျက်ရည်များကျလာလေသည်။

သို့ပေမယ့် အနက်ရောင်နဲ့ ကောင်လေးက ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာ နားကိုပိတ်ထားသော ထိုလက်လေးကို နူးညံ့စွာ ကိုင်၍ ဖယ်လိုက်ကာ ထိုကောင်လေးနဲ့ မျက်လုံးခြင်းဆုံစေလျှက် ပြောလေသည်။

"ဟင့်အင်း မင်းနားထောင်ရမယ်
ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး
ဒီ့အတွက် လူတွေရဲ့ကိုယ့်အပေါ်အမြင်ကို ဂရုစိုက်မှာမဟုတ်သလို မင်းကလွဲပြီး ဘယ်သူ့အပေါ်ကိုမှ ကိုယ်ညှာတာပေးမှာ မဟုတ်ဘူး။ကိုယ်အပါအဝင်ပေါ့။"

ထိုအနက်ရောင်နဲ့ ကောင်လေးကမှ ထိုကောင်လေး၏ မျက်ဝန်းနက်နက်လေးများကို အဖိုးတန်ရတနာလေးများအလား စိုက်ကြည့်ကာ ဆက်ပြောလေသည်။

"ဒါကြောင့် ကိုယ့်ကို ကတိပေးပါ။
ကောင်းကောင်း အသက်ဆက်ရှင်ပြီး ကောင်းကင်နန်းတော်ရဲ့ ဆက်ခံသူ နတ်ဘုရားလေးဖြစ်လာမယ်လို့"

 Surviving As A Backup Character[System]Where stories live. Discover now