Arc 2.09🔕

8.6K 692 9
                                        

[Unicode]

[❌အောက်ပါအခန်းများသည် ၁၈နှစ်အောက်ကလေးငယ်များဖတ်ရန်မသင့်တော်သော စကားအသုံးအနှုန်းများပါရှိနေသောကြောင့် သေချာဆင်ခြင်ပြီးမှ ဖတ်ကြရန် ကြိုတင်အသိပေးအပ်ပါသည်❌]

ရှောင်ကျန့်လည်း သူ့ကိုအုပ်မိုးကာ နမ်းရန်ပြင်နေသောရိဖန်ကြောင့် တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညင်းတို့ထလာကာ တွန်းထုတ်ရန်ပြင်လိုက်သော်လည်း လက်တောင်မမြောက်ရသေးခင်မှာပင် စွတ်စို၍ပူနွေးနေသော အပူချိန်ရှိသည့်နှုတ်ခမ်းသားများက သူ့အပေါ်သို့ ကျရောက်လာတော့သည်။ထိုသူက သူ၏နှုတ်ခမ်းသားများကို လျှာဖြင့်လျက်လိုက် စုပ်ယူငုံထွေးလိုက်လုပ်နေရာမှ သူ၏လက်များက ‌ရှောင်ကျန့်၏ဝတ်ရုံကို ထိခတ်ပွတ်သပ်နေသေးသည်။ရှောင်ကျန့်လည်း ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ အသိစိတ်ကင်းလွတ်နေသော ရိဖန်၏အပြုအမူများကြောင့် စိတ်ထဲတွင် စိုးရိမ်မှုများဝင်လာခဲ့ရသည်။ထိုအချိန်မှာတွင်ပင် ရိဖန်၏ ပူနွေးလှတဲ့လျှာဖျားက သူ့နှုတ်ခမ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး ဆာလောင်မွတ်သပ်နေသူအလား စုပ်ယူနမ်းရှိုက်နေတော့သည်။ထိုအခိုက် ရှောင်ကျန့်၏ကမ္ဘာကြီး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ဒီရင်းနှီးကျွမ်းဝင်နေတဲ့ အငွေ့အသက်တွေက....။ အရင်ဘဝကသူ့ချစ်သူ ဝမ်ရိပေါ်၏အသက် ၈၀အထိသူတို့အတူရှိနေခဲ့တာ ဖြစ်သောကြောင့် သူ့ချစ်သူ၏အရာအားလုံးသည် သူနှင့်ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ယခု အနမ်းသည်လည်း ယခင်ကသူ့လူကြီးသူ့ကိုနမ်းတဲ့အချိန်ရတဲ့ခံစားချက်မျိုးပင်။သူ့ကို ကလေးလို့‌အမြဲခေါ်တာရော။အေးစက်စက်အကြည့်နဲ့ ရင်းနှီးတဲ့အငွေ့အသက်တွေကရော တိုက်ဆိုင်တာမဟုတ်ပဲ သူ့လူကြီးဖြစ်နေခဲ့တာကြောင့်လား။လူကြီးက တစ်ကယ်ပဲ သူ့နောက်ကိုလိုက်လာခဲ့တာပေါ့။ရှောင်ကျန့် ပျော်လွန်းလို့မျက်ရည်များပင် ကျလာရသည်။ထိုအခါနမ်းနေသည့် ရိဖန်က ရှောင်ကျန့်ငိုနေတာကို သတိထားမိပြီး ပြာပြာသလဲနှင့် နောက်ဆုတ်ကာ....

"တောင်းပန်ပါတယ် ကလေး ကိုယ်-ကိုယ်"

ရှောင်ကျန့်လည်း သူ့ချစ်သူရဲ့ထိတ်လန့်နေတဲ့ ပုံစံလေးကိုကြည့်ကာ ကုတင်ပေါ်မှာ ထထိုင်လိုက်သည်။ ထိန်းချုပ်ထားရလွန်းလို့ ချွေးပေါက်များပင် ကျကာ မျက်နှာတစ်ခုလုံးရဲတွတ်နေတဲ့ ရိဖန်က ပုံစံတစ်မျိုးလေးနဲ့ ‌ခန့်ညားနေပြန်သည်။ဟိုရန်လင်မယားက သူတို့အကြံအစည်ဖြစ်မြောက်အောင် ဆေးအပျော့စားတော့ ခတ်ထားမှာမဟုတ်ကြောင်း သူသိသည်။သူ့ချစ်သူမှန်းမသိခဲ့၍သာ ထိုအစီအစဉ်တွေနဲ့ မပတ်သတ်ပဲ ပွဲကြည့်ပရိတ်သတ်အဖြစ်သာလုပ်ရန် ဆုံးဖြတ်ခဲ့မိသည်။ကံကောင်း၍သာ သူတို့အကြံအစည်တွေအတိုင်းမဖြစ်ခဲ့ခြင်းဖြစ်သည်။အစီအစဉ်ဆိုမှ ရှောင်ကျန့်အစီအစဉ်ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ချိန်ရွှမ်ကိုလိုက်ရှာမိသည်။အခုအချိန်မှာ သူမဒီအခန်းထဲကိုတော့ရောက်သင့်နေပြီမဟုတ်ပါလား?အဘယ်ကြောင့် သူမကိုမတွေ့ရသနည်း။သူ သူမအကြောင်းကိုတွေးနေတာကြောင့် သူ့အရှေ့က ထိုင်နေတဲ့ ခြင်္သေ့ကြီးရဲ့တစ်ဖြည်းဖြည်း တင်းမာလာတဲ့ အခြေအနေကိုသတိမထားမိခဲ့ချေ။

 Surviving As A Backup Character[System]Where stories live. Discover now