_______________________________________
ရှောင်ကျန့်မျက်လုံးများပွင့်လာတော့ မနက်ခင်းပိုင်းကိုရောက်နေမှန်းသိလိုက်ရသည်။ထို့ကြောင့်ထရန်ပြင်လိုက်တော့ နောက်ကြောပြင်တစ်ခုလုံး စူးအောင့်ပြီး နောက်ပိုင်းကလည်းနာနေသောကြောင့် အိပ်ရာပေါ်သာပြန်ခွေကျသွားရသည်။ထို့ကြောင့်ဝမ်ရိပေါ်ဆိုသော ဘိုးတော်ကိုသာစိတ်ထဲက ကျိန်ဆဲနေမိလိုက်သည်။မနေ့ကရပ်ပေးဖို့ ငိုပြီးတောင်းဆိုခဲ့သော်လည်း ထိုဘိုးတော်ကသူ့စကားကိုနားမထောင်ဘဲ ညနေသူမမေ့မျှောသွားခင်အထိ ပုံစံမျိုးစုံဖြင့်အစားခံခဲ့ရသည်။သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့ ညဝတ်အင်္ကျီလေးနဲ့ အိပ်ရာခင်းလည်းအသစ်လဲထားပုံအရ ထိုဘိုးတော်မနေ့ကသူ့ကိုသန့်ရှင်းပေးခဲ့တာဖြစ်ရမည်။ရှောင်ကျန့်နိုးနိုးခြင်း သူ့ဘေးမှာမရှိတဲ့ ထိုဘိုးတော်ကြောင့်နည်းနည်းဝမ်းနည်းသွားပေမယ့် နာနေတာကိုလျှစ်လျှူရှုပြီး မတ်တပ်ထရန်ပြင်လိုက်တော့ အခန်းတံခါးပွင့်လာပြီး စွတ်ပြုတ်ဗန်းနဲ့ဝင်လာတဲ့သူက သူ့(ရှောင်ကျန့်)ကိုတွေ့တော့ ပြေးလာပြီး
"ဟာ ကလေး မထသေးနဲ့လေ ဆေးသောက်မနက်စာစားလိုက်ဦး။ကျောင်းကို ကိုယ်ခွင့်တိုင်ပေးထားတယ် "
"ခင်ဗျား ကုမ္ပဏီမသွားဘူးလား"
"ကိုယ့်ကလေးတစ်ယောက်လုံးက ပင်ပန်းထားတာ
နောက်ပြီး အာ့ကုမ္ပဏီကကလေးလောက် အရေးမကြီးဘူး"
"ပိုပြီ ဘိုးတော်ကတော့"
"မပိုပါဘူးကွာ လာ ကိုယ်ခွံ့ကျွေးမယ်"
ဝမ်ရိပေါ်ကလေးရဲ့ ခေါင်းအုံးလေးကိုကုတင်ခေါင်းရင်းမှာ ထောင်လိုက်ပြီး ကလေးကိုပွေ့ကာ ကျောမှီလျှက်အနေအထားလေး ဖြစ်အောင်ချပေးလိုက်သည်။ နောက်မှ စွပ်ပြုတ်လေးကို အရမ်းမပူစေရန်မှုတ်၍ ကလေးကိုဖြေးဖြေးချင်း ခွံ့ကျွေးနေလိုက်သည်။
"မနက်အစောကြီး ခင်ဗျားက ကုမ္ပဏီမသွားဘဲ ဘာထလုပ်တာလဲ"
"ကလေးအတွက် စွပ်ပြုတ်ပြုတ်နေတာလေ"
ထိုအခါကလေးကမယုံသလိုမျက်လုံးများဖြင့် ကြည့်လာပြီး
"ခင်ဗျားက ဟင်းချက်တတ်တယ်ပေါ့!အရင်ကတော့ ဆိုင်ကနေပဲ ပါဆယ်ဆွဲလာပြီးတော့"
YOU ARE READING
Surviving As A Backup Character[System]
RomanceTitle - ❗Both Zawgyi and Unicode❗ Starting Date (3, December 2020)🔖 Ending Date ( - )🔖 ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက အတိတ်ကမှတ်ဉာဏ်တွေပျောက်ဆုံးနေပြီး Systemကို ရောက်ရှိလာသူလေးဖြစ်တယ်~ သူဟာ အမြောက်စာလေးအဖြစ်နဲ့ မတရားသဖြ...
Arc 1.08🔕
Start from the beginning
![Surviving As A Backup Character[System]](https://img.wattpad.com/cover/242684665-64-k32335.jpg)