"အ့ ကိုကို တော်တော့လေ"

"ကလေး နောက်ဆုံးဒီတစ်ခေါက်ပဲ နော်"

"အာ့ နောက်ဆုံးပဲနော် ကတိ အာ့ ဖြေးဖြေးကိုကို"

"ကတိ"

သို့သော်လည်း ခြင်္သေ့ကြီးရဲ့နောက်ဆုံးတစ်ခေါက်ဆိုတဲ့စကားကိုယုံစားမိတဲ့ ယုန်သူငယ်လေးကတော့ ညနေစောင်းအထိအိပ်ရာပေါ်မှာ ခြင်္သေ့ကြီးရဲ့အစားကို ခံနေရပြီး မေ့မျှောသွားမှပဲ ခြင်္သေ့ကြီးကရပ်ပေးသတဲ့ကွယ်။

_______________________________________

"တီ တီ"

ဝမ်ရိပေါ်ဖုန်းသံကြောင့်မျက်လုံးများပွင့်လာပြီး လှုပ်လာတဲ့ကလေးဖြစ်သူကြောင့် နိုးသွားမလားစိုးရိမ်တကြီးကြည့်လိုက်တော့ သူ့ရင်ခွင်ထဲကိုပိုတိုးဝင်လာပြီးပြန် အိပ်ပျော်နေတဲ့ကလေးကြောင့်ဝမ်ရိပေါ် ဖုန်းကိုအသံတိုးပြီးကိုင်လိုက်တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်သူချောင်ယွီ။

"ပြော"

*အမလေး သူဌေးရယ် ကျွန်တော့မှာဒီနေ့ သူဌေးကုမ္ပဏီ မလာလို့ Blackကိုလှမ်းမေးကြည့်မှ သိရတယ်။
သူဌေးမရှိတော့ တစ်နေကုန် တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ဖြစ်နေရတဲ့ ကျွန်တော့်ကိုသနားပါဦးဗျာ*

"သူဌေး မနက်ဖြန်မနက်11ခွဲကို နိုင်ငံခြားကရှယ်ယာရှင်တွေနဲ့စာချုပ်ချုပ်ဖို့ရှိပါတယ်။နောက်ပြီး ညနေ2နာရီမှာတိုးချဲ့ထားတဲ့ကုမ္ပဏီအတွက် ရှယ်ယာရှင်အဖြစ်ခေါ်ယူထားတဲ့သူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ည8နာရီမှာ ဂျပန်ကဝန်ကြီးချုပ်တို့မိသားစုရဲ့ ပါတီကိုတက်ရောက်ရပါမယ်။
အာ့တာတွေကသူဌေးကိုယ်တိုင်တက်ရောက်မှဖြစ်မှာတွေမို့လို့ ကျွန်တော်အသိပေးတာပါ"

"မအားဘူး"

"ဗျာ သူဌေး ဒါတွေက"

"ငါမအားဘူး ၃ရက်လောက်ကုမ္ပဏီလာမှာမဟုတ်ဘူး
ကျန်တာကြည့်စီစဉ်လိုက်"

ပြောချင်တာပြောပြီးဖုန်းချသွားတဲ့သူဌေးဖြစ်သူကြောင့် ချောင်ယွီရင်ဘက်ထဲမှာ မိုးတွေရွာပြီး အသံတိတ်အော်ငိုနေမိသည်။

📩ကလေးကျောင်းကို 3ရက်ခွင့်တိုင်ထားလိုက်📩

ဝမ်ရိပေါ် Blackကို Msgပို့ပြီး သူ့အပိုင်ဖြစ်နေပြီဖြစ်သောကလေးရဲ့ နှာခေါင်းလုံးလုံး၊နှုတ်ခမ်းရဲရဲလေးကို ထပ်ကာထပ်ကာနမ်းကာ ရင်ခွင်ထဲမှာ ဆွဲဖက်ထား၍ ပြန်အိပ်နေလိုက်သည်။

 Surviving As A Backup Character[System]Where stories live. Discover now