Episode - 6 (Z+U)

Start from the beginning
                                    

"အခုတောင် ၅ နာရီလေ ကျစ် "

မာန် က လက်ပတ်နာရီကိုကြည့်ကာ အခုလက်ရှိအချိန်ကိုပြောမှ ကြီးကြီးလည်း အံ့သြသွားသည်။ ကြီးကြီး လည်း ခွန်းလေး ကိုစိတ်ပူနေတာနဲ့ပဲ နာရီကိုမကြည့်မိခဲ့ပေ။

"အဲ့တာဆို ခွန်းလေးမေ့လဲတာ ခန့်မှန်းချေဆို ၃ နာရီလောက်ဖြစ်မယ်ထင်တယ် "

"ကျစ်....!2နာရီတောင်သတိလစ်နေရတာလား!!! "

"သားမာန် ကိုဖုန်းခေါ်ပါသေးတယ် မကိုင်တာနဲ့ သားစစ်ကို ကိုဖုန်းဆက်လိုက်တာ..... "

မာန် လည်းကြီးကြီးပြောနေတာတွေကိုအာရုံမရတော့ဘဲ ခုံမှာပဲစိတ်ပျက်လက်ပျက်ထိုင်မိသည်။

အဲ့လောက်အချိန်တောင် သတိလစ်နေတာလား? မယုံနိုင်မှုတွေနဲ့ ပြည့်နက်နေလေသည်။ သူ ခွန်းကိုဘာမှမလုပ်ခိုင်းခဲ့ရမှာ ။

ခဏနေတော့ ဆရာဝန်ထွက်လာကာ

"လူနာနဲ့ တစ်ခုခုတော်စပ်တဲ့သူများရှိပါသလား?"

မာန် ကထကာ

"ရှိပါတယ်ဗျ သူ့ယောက်ျားပါ "

ဒေါက်တာ အနေနဲ့လည်း ခွန်းဆီကဒဏ်ရာတွေကိုတွေ့ပြီး မာန်ကခွန်းယောက်ျားဖြစ်နေတာကိုမအံ့သြတော့ပေ ။

"အခန်းထဲခဏလောက်ဝင်ခဲ့ပါလား"

မာန် လည်းဆရာဝန် ကခေါ်နေတာမို့ အခန်းထဲကိုဝင်သွားလိုက်သည်။ အခန်းထဲရောက်တော့

" လက်ထပ်ပြီးသားတွေဆိုပေမယ့်လည်း ဆက်ဆံတဲ့အခါ နည်းနည်းတော့ငြင်သာပေးစေချင်တယ်"

မာန် က ဘာကိုပြောလဲအထာပေါက်သွားတာမို့ ကုတင်ပေါ်ကခွန်း ကိုကြည့်လိုက်တော့ မျက်နှာလေးကဖြူကာ နှုတ်ခမ်းကလည်း ခရမ်း‌ေဖျာ့ရောင်ဖြစ်နေလေသည်။

"လူနာအတွက် သောက်ဆေးလည်းပေးထားခဲ့မယ် ။ ဆေးလဲလိမ်းပေးခဲ့တယ် စိတ်ပူစရာတော့မရှိတော့ပါဘူး အတွင်းသားတွေ ယောင်နေတယ် ယောက်ျားလေးဖြစ်တာမို့ သွေးကျစရာမရှိပေမယ့် အတွင်းသားတွေကအက်ကွဲနေသလို အဝလေးမှာလည်း နည်းနည်းကွဲနေတာကိုတွေ့ရတယ် "

မာန့် ရဲ့စိတ်ထဲမှာတော့ ဆရာဝန်ကိုသိပ်ဘဝင်မကျပေ။ ဘာလို့များ မဆိုင်တဲ့နေရာတွေကို လိုက်ကြည့်နေရတာလဲလိုတွေးရင်း စိတ်ကတိုလာရသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now