-လာနေပြီ။

မက်ဆေ့ချ်ပို့ပြီးသွားလျှင် သူ ကျန်ချန်ကို
လှမ်းကြည့်လိုက်သည်။
"ညစာကို မင်း ဘာစားချင်လဲ?။"

ကျန်ချန်က ခဏမျှချင့်ချိန်စဥ်းစားနေ၏။
"ဆန်ကိတ်?။"

ကုဖေး ရယ်လိုက်တယ်။
"သေစမ်း!.မင်း ဆန်ကိတ်စားရတာကို
အခုထိမမုန်းသေးဘူးလား?။"

"ဒါမှမဟုတ် တစ်ခုခု မှာပြီးစားမလား?။ "
ကျန်ချန်က ဗိုက်ပွတ်သပ်လိုက်၏။
"ဆန်ကိတ်စားတာများသွားလို့ထင်တယ်။
ငါ အခုထိဗိုက်မဆာသေးဘူး။ဒါနဲ့ မင်းက
ဘယ်သူ့ဆီ မက်ဆေ့ချ် ပို့နေတာလဲ?။"

"အားမြောင်။သူ(မ)က ငါ့ကို အိမ်ပြန်လာစေ
ချင်နေတာ။"

"ဒါဆို ပြန်တော့မှာလား။ အိမ်စာ အကုန်ကူး
ပြီးပြီလား?။"
ကျန်ချန်က သူ့မှတ်စုစာအုပ်ကို ဖြတ်ခနဲ ဆွဲယူသွား၏။
"မစ္စတာကု,မင်းရဲ့ အဖြေကိုနည်းနည်းပြောင်း
ရေးသင့်တယ်။ တစ်လုံးမကျန်မကူးနဲ့လေ။"

"စာမေးပွဲမှမဟုတ်ပဲ။ငါကငါ့ရဲ့အတန်းဖော်
ရွှယ်ပါရဲ့အကူအညီကြောင့် အိမ်စာအားလုံး
အဖြေမှန်တာ။ ပြသာနာ ရှိလို့လား?။"

"မင်းရဲ့ အတန်းဖော် ရွှယ်ပါ့ကသက်ပြင်းချ
နေပြီ။"
ကျန်ချန်က မေးခွန်းဟောင်းစာရွက်များကို
သိမ်းဆည်းနေရင်းသူ့ကိုလှည့်ကြည့်လာ၏။
"မင်း မနက်ဖြန် အိပ်ယာထဲမှာပဲနေမှာလား?။ "

"မနေဘူး။"
ကုဖေး ခေါင်းယမ်းပြလိုက်တယ်။
"ငါ့အိမ်ကို လာခေါ်ပေးမလား။"

ကျန်ချန်ကထိုင်ခုံကိုကျောမှီပြီး အညော​င်း
ဆန့်နေရင်းမှ သူ့ကို လှမ်းမေးလာသည်။
"မင်း မနက်ထနိုင်ပါ့မလား?။ဘာလို့ကျောင်း
သွားဖို့အရမ်းတက်ကြွနေတာလဲ?။"

"ခန့်မှန်းကြည့်လေ။ "
ကုဖေး ပြုံးလိုက်သည်။

ကျန်ချန်ကအညောင်းဆန့်ပြီးသည့်အခါ မတ်
တပ်ထရပ်ပြီး သူ့ကိုပွေ့ဖက်လာ၏။

ကုဖေး သူ့ကိုတင်းနေအောင်ပြန်ပွေ့ဖက်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။

.........

နေ့လည်​တွင်တရုတ်ဘာသာနှင်​စာပေမေးခွန်းဟောင်းများဖြေပြီးသွားသည့်အတွက်ကြောင့်
ကျန်ချန်ရဲ့စိတ်အခြေအနေ ကောင်းမွန်နေ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now