"ယွိမြောင်!"
ယွိမြောင် ပြန်အော်၏။ လေ
သံမှာ အနည်းငယ်ထူးဆန်းလို့နေသည်။
" ဘယ်သူ့ကို မှသွားမပြောနဲ့နော် အေး...ဘယ်တုန်းကမှ မဖြစ်ဖူးသလို မေ့ပစ်လိုက်၊ နားလည်လား"
စီကျွင်း သူ့လက်ထဲမှာ ရှိဆဲ ယွိမြောင်၏ ပစ္စည်းကို လွှတ်ပေးလိုက်ပြီး
တစ်ရှူးတစ်ချို့ယူကာ သန့်ရှင်းလိုက်သည်။
အရည်များကို သန့်ရှင်းပြီးနောက်မှ သူ့အိပ်ယာသို့ ပြန်သွားလိုက်၏။
'ဒါ ငါလုပ်ဖူးသမျှထဲမှ စိတ်လှုပ်ရှားဖို့အကောင်းဆုံးပဲ'ဟု သူ့
တစ်ယောက်တည်းတွေးမိရသည်။
ယွိမြောင်၏ မျက်နှာပေါ်က အမူအရာလေးကမူ တစ်ညတာလုံး စက္ကန့်မလပ်၊
စီကျွင်း၏ မျက်ဝန်းထဲမှ မထွက်ပါတော့ချေ။
<<<<<<<<>>>>>>>>>
Zawgyi
AN/ ချစ်စွာသော စာရှုသူများ...ဤသည်မှာ
အခန်း ၂၂၏ ကာလ ဝန်းကျင်၊ အန်းလျန် နေ
အိမ်မှ ထွက်ပြေး၍ ကျန်းချန်၏အိမ်၌ လိုက်အိပ်ခဲ့သည် ညတွင်ဖြစ်ပြီး အပြာရောင် အနည်းငယ်သမ်းပါမည်။
_____________
ယွိမြောင် တော်တော်စိတ်ဆင်းရဲနေသည်။
အချိန်က ဆယ်နာရီထိုးပြီးသည့်တိုင် အန်းလျန်၏သတင်း တစွန်းတစမျှမကြားရ။ သူ ပြန်လာသင့်ချေပြီ။ သိပ်မကြာခင်က ကျန်းချန်တစ်ယောက်လည်း ဘာစကားတစ်ခွန်း
မျှမပြောဘဲ ရုတ်တရက် ထွက်သွားခဲ့သည်။
ဖုန်းကို လက်တစ်ဖက်တွင်ကိုင်ရင်း တစ်ဖက်က ဆံပင်မွှေးကို စောင့်ဆွဲမတတ်နှင့် တစ်ခန်းလုံးပတ်လျှောက်နေသည့် ယွိမြောင်ကို စီကျွင်းစောင့်ကြည့်နေသည်။
ရုတ်တရက် သူ့ဖုန်းမြည်လာ၏။
လန့်၍ လွတ်ကျခါနီးပင်။ ယွိမြောင် ဖုန်းလက်ခံ လိုက်သည်။ ဖုန်းချလိုက်ချိန်၌ သူ၏ မျက်နှာမှာ ရှစ်ခေါက်ချိုးနေပြီးဖုန်းကို နံရံဆီ တည့်တည့်ပစ်ထည့်လိုက်သည်။
စီကျွင်း လန့်ကာ တုန်သွားပြီး သူ့ခေါင်းသူ ကာလိုက်ရ၏။
ŞİMDİ OKUDUĞUN
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Genç KurguI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part II 🚨
En başından başla
