Xi Jun x Yu Ming - Part II 🚨

8.5K 683 32
                                        

Unicode

AN/ ချစ်စွာသော စာရှုသူများ...ဤသည်မှာ
အခန်း ၂၂၏ ကာလ ဝန်းကျင်၊ အန်းလျန် နေ
အိမ်မှ ထွက်ပြေး၍ ကျန်းချန်၏အိမ်၌ လိုက်အိပ်ခဲ့သည် ညတွင်ဖြစ်ပြီး အပြာရောင် အနည်းငယ်သမ်းပါမည်။


_____________

ယွိမြောင် တော်တော်စိတ်ဆင်းရဲနေသည်။

အချိန်က ဆယ်နာရီထိုးပြီးသည့်တိုင် အန်းလျန်၏သတင်း တစွန်းတစမျှမကြားရ။ သူ ပြန်လာသင့်ချေပြီ။ သိပ်မကြာခင်က ကျန်းချန်တစ်ယောက်လည်း ဘာစကားတစ်ခွန်း
မျှမပြောဘဲ ရုတ်တရက် ထွက်သွားခဲ့သည်။


ဖုန်းကို လက်တစ်ဖက်တွင်ကိုင်ရင်း တစ်ဖက်က ဆံပင်မွှေးကို စောင့်ဆွဲမတတ်နှင့် တစ်ခန်းလုံးပတ်လျှောက်နေသည့် ယွိမြောင်ကို စီကျွင်းစောင့်ကြည့်နေသည်။


ရုတ်တရက် သူ့ဖုန်းမြည်လာ၏။

လန့်၍ လွတ်ကျခါနီးပင်။ ယွိမြောင် ဖုန်းလက်ခံ လိုက်သည်။ ဖုန်းချလိုက်ချိန်၌ သူ၏ မျက်နှာမှာ ရှစ်ခေါက်ချိုးနေပြီးဖုန်းကို နံရံဆီ တည့်တည့်ပစ်ထည့်လိုက်သည်။

စီကျွင်း လန့်ကာ တုန်သွားပြီး သူ့ခေါင်းသူ ကာလိုက်ရ၏။



"သူ.....အဆင်ပြေရဲ့
လား?"

ယွိမြောင် ခံပြင်းနှာမှုတ်သည်။
"ကျန်းချန်နဲ့တဲ့....သူ​ပြောတာတော့ အန်းလျန်အိပ်ပျော်သွားပြီ။ မနက်ဖြန်မှ ပြန်လာကြမယ်ဆိုပဲ"

စီကျွင်း တစ်လုံးချင်းသတိထား၍ပြောလိုက်သည်။
"အဲ..ဒါ...ကောင်း..တာပဲလေ..မဟုတ်ဘူးလား?"

ယွိမြောင်က သူ့ကို ဆတ်ခနဲ ကြည့်လာသည်။
"ကောင်းတယ်.. ? သူ တခြားမှာ ကျန်းချန်နဲ့ တစ်ညလုံးရှိနေမှာကိုလေ
"

ထို့နောက် သူသည် အိပ်ယာဆီသွားကာ စောင်ခေါင်းမြီးခြုံ ခေါင်းအုံးပေါ် မျက်နှာအပ်ရင်း စူးစူးဝါးဝါးအော်လေ
တော့
သည်။


စီကျွင်းမှာ ဇဝေဇဝါဖြစ်နေဆဲ...
'အန်းလျန် လုံခြုံသွားပြီဟာ။ အဲဒါ ကောင်းတာမဟုတ်ဘူးလား? ငါ နားမလည်တော့ဘူး....'


ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Hikayelerin yaşadığı yer. Şimdi keşfedin