တဖက်လူ၏ ညစ်ညမ်းသောအကြည့်ကို သတိမမူမိဘဲ.. ယွိမြောင်တစ်ယောက် လက်ကိုဆန့်ပြီး အင်္ကျီကို ပုခုံးမှ ချွတ်ခွာ၍ စွဲညှို့ဖွယ် အသားအရေကို ထုတ်ပြရန် တုံ့ဆိုင်းမနေခဲ့ပါ။
စီကျွင်း သူ့အရှေ့မှ မြင်ကွင်းကို သတိလက်လွတ် ကြည့်မိရုံကလွဲ၍ မရှိ။
'ယွိမြောင်က ဒီလိုပဲ sexy ကျတယ်လား?'
ရုတ်တရက် စီကျွင်း တစ်ခုခု အတွေးပေါက်သွားသည်။
"ဝိုး....ယွိမြောင်! ကြည့်စမ်း....ငါ မာလာပြီ"
ယွိမြောင် အငိုက်မိသွား၏။ တဒင်္ဂ ပြောစရာပျောက်ရှသွားပြီးမှ သူတုန့်ပြန်လိုက်သည်။
"မင်းအတွက် ကောင်းတယ်မလား?"
စီကျွင်းက အိပ်ယာမှခုန်ချပြီး ပြေးကပ်လာခဲ့သည်။ သူ့ဘောင်းဘီအောက်က ငေါထွက်နေသည်ကြီးကို မကွယ်ဝှက်ဘဲ..."မဟုတ်ဘူး...ငါဆိုလိုတာက၊ မင်းကို ကြည့်ပြီး ငါမာလာတာလို့...အဲဒါမထူးဆန်းဘူးလား?"
ယွိမြောင်မျက်နှာ မဲခနဲဖြစ်သွားပြီး သူ့ကိုယ်သူ ဒေါသတကြီး ပေါက်ကွဲ
လိုက်ချင်သည်။
သို့သော်လည်း သူ ပြောစရာစကားရှာမတွေ့ခဲ့ပါ။ ရှက်သည်ဟု ခံစားရခြင်းမှာ သူ့ဘဝတွင် ဒါပထမဆုံးဖြစ်မည်ထင်သည်။
"ငါ့ကို အဲလိုဟာတွေ မပြောနဲ့"
ယွိမြောင် အသံမာမာ ပြောမထွက်လိုက်သည့် သူ့ကိုယ်သူ ဆဲရေးမိသည်။
တစ်ဖက်လူ၏ ထူးဆန်းသောအမူအရာကို သတိမပြုမိဘဲ စီကျွင်း သူ့ခန္ဓာကိုယ်နှင့်ပတ်သတ်ပြီး ခေါင်းခြောက်နေဆဲ ဖြစ်ပါ၏။
"အဲဒါ မင်းကြောင့် ဖြစ်မယ်...အခု စွဲမက်ဖွယ်တကယ်ကြီးကောင်းနေလို့လေ..မိန်းကလေးတစ်ယောက်လိုမျိုး.."
ဤသည်က ယွိမြောင်ကို လက်တွေ့ဘဝထဲ ပြန်ခေါ်လာသည်။ သူ ခြေထောက်ကိုမ၍ စီကျွင်း၏ ထို အငြိမ်မနေသောနေရာကို ကန်ချလိုက်သည်။ ထိုသူ့ကို နာကျင်စွာ ရှုံ့မဲ့ ဒူးထောက်ကျစေရင်း...
"ငါ က မိန်းကလေးမဟုတ်ဘူး"
ယွိမြောင်သည် ကြမ်းပြင်တွင် သူ့ ရတနာထုပ်ကို လက်နှင့်ဆုပ်ထားရသော စီကျွင်းကို ထားခဲ့ပြီး
စီကျွင်း၏အောက်ထပ်ရှိ သူ့အိပ်ယာဆီ ဆောင့်ကြီးအောင့်ကြီးသွားကာ စောင်အောက်တွင်အကာအကွယ်ယူလိုက်သည်။
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part II 🚨
Start from the beginning
