စီကျွင်း သူ့သူငယ်ချင်းကို စိုးရိမ်ကာ ကုတင်၏အစွန်းတွင် ဝင်ထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ယွိမြောင်၏ကျောကိုပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ ယွိမြောင်မှာ လောလောဆယ် ဒေါသထွက်နေသည့် ကြောင်ပေါက်စကလေးလို ဖြစ်နေပြီး သွားထိနှင့် ကျိန်းသေပြန်ကုတ်ပေလိမ့်မည်။
စီကျွင်းက စကားကို သင့်လျော်အောင်ကြိုးစားပြီး
"ဒါပေမဲ့ သူ အဆင်ပြေသွားပြီမလား" ဟု ပြောလိုက်သည်။
ယွိမြောင် အော်ဟစ်ရာမှ ငြိမ်သွား၏။ စောင်အောက်ကမူမထွက်သေးဘဲ သူ အန်းလျန်ထံမှ သစ္စာဖောက်ခံလိုက်ရသလို ခံစားနေရသည်။
သူရှိနေပေးလျှင်လည်း ထူး၍အကူအညီရမှာ မဟုတ်ဟု တွေးရင်း
စီကျွင်း ယွိမြောင်
အနားမှ ဖြည်းဖြည်းချင်း ထသွား
သည်။ တကယ်တမ်းတွင် သူယုံကြည်သည့် တစ်ယောက်မှာ အန်းလျန်မဟုတ်ပါလော။
မိနစ်အနည်းငယ်အကြာတွင် ယွိမြောင်သည် စောင်ကိုခွာကာ ကုတင်မှ ခုန်ထလာပြီး ပစ္စည်းတစ်ခုနှစ်ခုယူ၍ အခန်းထဲမှထွက်သွားသည်။
စီကျွင်း ခေါင်းကိုကုတ်၍။
'ဒီကောင်...စိတ်ကို မြန်မြန်အပြောင်းအလဲလုပ်နိုင်တာပဲ ကြည့်'ဟု
တွေးသည်။
အတော်ကြာပြီးနောက် ကြည်သာသည့်စိတ်အခြေအနေနှင့် ယွိမြောင်ပြန်ရောက်လာသည်။
ရေချိုးပြီးပြန်လာကြောင်း စီကျွင်းအကဲခတ်မိ၏။ သူ့အသားအရေမှာ နုနယ်ပျိုမြစ်လှ
ပြီး ရေကြောင့် စိုတိစိုဖက်ကလေးဖြစ်နေသည်။
သူ့
ခေါင်းတွင် တပတ်တစ်ထည်လွှားကာ အခန်းတွင်းသို့ဝင်လာသည်။ ၄င်းနှင့် ဆံသားများကို သုတ်နေရာ ရေစက်အချို့က လိမ့်၍ လိမ့်၍ ပါးပြင်မှတဆင့် အတိုင်းသားပေါ်နေသည့် လည်တိုင်နှင့် ညှပ်ရိုးပေါ် ကျလာခဲ့သည်။
ယွိမြောင်သည် ဘယ်အချိန်ကြည့်ကြည့် မိန်းမချော ချောသည့် ကောင်လေးဖြစ်ပြီး နူးညံ့သည့် မျက်နှာနှင့် အသားအရေ၊ သွယ်ပျောင်းသည့် လက်ချောင်းကလေးများရှိသည်။ စီကျွင်း အပူဓာတ်အနည်းငယ် တက်
လာရ၏။
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part II 🚨
Start from the beginning
