"ငါ့ကို အဲလိုဟာတွေ မပြောနဲ့"
ယွိမြောင် အသံမာမာ ပြောမထွက်လိုက်သည့် သူ့ကိုယ်သူ ဆဲရေးမိသည်။
တစ်ဖက်လူ၏ ထူးဆန်းသောအမူအရာကို သတိမပြုမိဘဲ စီကျွင်း သူ့ခန္ဓာကိုယ်နှင့်ပတ်သတ်ပြီး ခေါင်းခြောက်နေဆဲ ဖြစ်ပါ၏။
"အဲဒါ မင်းကြောင့် ဖြစ်မယ်...အခု စွဲမက်ဖွယ်တကယ်ကြီးကောင်းနေလို့လေ..မိန်းကလေးတစ်ယောက်လိုမျိုး.."
ဤသည်က ယွိမြောင်ကို လက်တွေ့ဘဝထဲ ပြန်ခေါ်လာသည်။ သူ ခြေထောက်ကိုမ၍ စီကျွင်း၏ ထို အငြိမ်မနေသောနေရာကို ကန်ချလိုက်သည်။ ထိုသူ့ကို နာကျင်စွာ ရှုံ့မဲ့ ဒူးထောက်ကျစေရင်း...
"ငါ က မိန်းကလေးမဟုတ်ဘူး"
ယွိမြောင်သည် ကြမ်းပြင်တွင် သူ့ ရတနာထုပ်ကို လက်နှင့်ဆုပ်ထားရသော စီကျွင်းကို ထားခဲ့ပြီး
စီကျွင်း၏အောက်ထပ်ရှိ သူ့အိပ်ယာဆီ ဆောင့်ကြီးအောင့်ကြီးသွားကာ စောင်အောက်တွင်အကာအကွယ်ယူလိုက်သည်။
နာကျင်မှုလျော့သွားမှ စီကျွင်း သူ့အိပ်ယာဆီ တွားသွားတက်ရလေ၏။
ထိုကန်ချက်က သူ့ထံ နာကျင်မှုချန်ထားခဲ့သော်ငြား သူ့ညီလေးကိုမူ မပျော့
ရေးချ မပျော့
သွားစေပါ။ မည်သို့ဆိုစေ
..သူ့ခံစားချက်မှာ ပို၍ ပို၍ ထကြွလာရသည်။ ကုန်ကုန်ပြောရလျှင် ယွိမြောင်၏ ဖဝါးက သူ့အစိတ်အပိုင်းဆီ လာ၍ ထိခဲ့သည်မို့။
သူ မည်သို့ပင်ကြိုးစားပါစေ...ထိုဟာမှာ ကျမသွားခဲ့။
"အပေါ်ကနေ ဟိုလှိမ့်သည်လှိမ့်လုပ်မနေနဲ့...ငါ အိပ်မရဘူး။"
အိပ်ယာက ခြားထားသည့်အတွက် သူ့တွင် နောက်တစ်ကြိမ် အကန်ခံရမည့်အရေး မရှိဟုတွေးကာ စီကျွင်းသည် ကံကိုအားကိုး.. ယွိမြောင်ကို ညစ်ရန်ကြိုးစား၏။
"မတတ်နိုင်ဘူးလေ...ငါမှ အိပ်မပျော်တာ...အဲဒါကြီးက မာနေတုန်းဆိုတော့"
အောပ်ထပ်မှ စကားပြန်မရ။
"ယွိမြောင် ပြောကြည့်... ငါ ဘာလို့ မင်း-ုတာကို တစ်ခါမှမမြင်ဖူးရတာလဲ? မင်း တအား သတိထားတာပဲ"
YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part II 🚨
Start from the beginning
