Ep-18 Unicode ( The end )

Comenzar desde el principio
                                    

​အော်ပြီး​ပြော​နေတဲ့ babyကို
Lisa နားမလည်နိုင်တဲ့အဆုံး ​မေးလိုက်​တော့
​အေးစက်စက်နဲ့ တည်တန့်သွားတဲ့ babyရဲ့မျက်နှာ​လေး...

"မဟုတ်​လောက်ဘူးထင်တာ
Darlingက unnie jichuကို
ချစ်​နေတာလား?"

"လာပြန်ပြီလား အဲ့ကိစ္စ?
မဟုတ်ဘူးဆိုတာ သိရက်သားနဲ့ကွာ"

"အဲ့ဒါဆို မှတ်မိတဲ့အ​ကြောင်း​တွေကို
ဘာလို့ သူနဲ့မှ သွား​ပြောရတာလဲ ဟမ်?
ကျွန်မသိလို့မဖြစ်ဘူးလား?"

"မင်းသိရင်​ရော အမှန်တိုင်း​ပြောမှာလား?"

Lisa ​မေး​တော့ babyက တိတ်ဆိတ်သွားတယ်

"အရမ်းလွယ်လား baby?
မှတ်ဥာဏ်တစ်ချို့​ပျောက်သွားတဲ့ငါက
မင်းအတွက် အလွယ်တကူဝင်လာဖို့ အရမ်းလွယ်သွားလား?"

"ဘာကိုလဲ?"

"မင်း ငါ့ကိုချစ်တယ်ဆိုတာဘာလဲ?
အမြဲ ငါ့ဖက်ကပဲ အ​လျော့​ပေးရတယ်
မင်းက​တော့ အားထုတ်စရာ​​တောင်မလိုဘဲ
အမြဲလိုလို ငါ့ကို အနိုင်ယူနိုင်တယ်​နော်?"

"အဲ့​တော့ ဘာဖြစ်ချင်လို့လဲ?"

Lisa ဘားမှဆက်မ​ပြောနိုင်ဘဲ
ဆွံ့အသွားခဲ့တဲ့အထိ babyရဲ့တုံ့ပြန်ချက်က
အရမ်းကို​အေးစက်လွန်းတာ ဘာလို့လဲ?

"ကိုယ် ဘာဖြစ်ချင်တယ်လို့ မင်းထင်လဲ?"

"အမြဲတမ်း အ​လျော့​ပေးရတယ်
နာကျင်ရတယ်လို့ ​ပြောခဲ့တယ်​နော်?
.
.
.
ဘာလဲ?
အဲ့တုန်းကလို ထပ်ပြီးထားသွားမလို့လား?
ရတယ်​လေ
လမ်းခွဲချင်တယ်ဆို လမ်းခွဲ​ပေးမယ်"

Darlingက ဒါဏ်ရာများခဲ့​တော့
သူပဲ နာကျင်ရတယ် ထင်တယ်
ဒါ​ပေမယ့် Jennieလည်း ခံစားခဲ့ရတာပဲ​လေ
အခု သူလိုချင်တာ ဘာလဲမသိ​ပေမယ့်
အဲ့ဒါက လမ်းခွဲခြင်းဆိုရင်
Jennieပဲ စပြီးလမ်းခွဲလိုက်ချင်တယ်
အားလုံးပြီးသွားရင် darlingရဲ့အမှားမဟုတ်​ရ​အောင်​ပေါ့

ပထမတစ်ခါ အမှားနဲ့တင်
Jennieက အရာရာမှာ မ​ကောင်းတဲ့သူဖြစ်ခဲ့ပြီ
အဲ့​တော့ ဆက်ပြီးအထင်ခံရလည်းရပါတယ်
Darlingကို​တော့ မဖြစ်​စေချင်ဘူး
ချစ်ခဲ့သလို ချစ်​သေး​ပေမယ့်လည်း​ပေါ့...

So far away(Completed)Donde viven las historias. Descúbrelo ahora