"နင် Ireneရဲ့အရူးလုပ်တာ ခံလိုက်ရတာပေါ့?"
ကိုယ်ရှေ့မှာထိုင်ပြီး ကျွမ်းထိုးမှောက်ခုံရယ်ရင်း
ပြောနေတဲ့ Joy ကို Jennie မျက်စောင်းထိုးပစ်လိုက်တယ်"နင် ဒီတစ်သက် ရယ်လို့ပြီးဦးမှာလား?
ငါအခု အသည်းကွဲနေတာနော်""နင်က?
အသည်းကွဲနေတာတဲ့လား?အပိုတွေ မလုပ်စမ်းပါနဲ့ Jennieရာ
နင့်အကြောင်းငါအသိဆုံးပဲ"ပြောလေ ခက်လေ အထဲမှာ
Joyက ထိပ်ဆုံးကနေ ပါတယ်မသိတတ်မှုကလည်း လွန်ကဲနေရောပဲ
"နင် Ireneကိုတကယ်မချစ်ပါဘူးဟာ"
"ဘာလို့လဲ?
ငါ သူ့ကိုတကယ်ချစ်တာ
ချစ်လွန်းလို့ unnie lisaကိုတောင်ငါဖျက်ပစ်ခဲ့တာ
အဲ့ဒါက..."Shhhhh!!"
Jennie ပြောနေတုန်း
စကားဖြတ်ဝင်လာတဲ့ Joyကြောင့်
ပြောနေတဲ့စကားစ ပြတ်သွားခဲ့တယ်"နင် အဲ့အန်တီကြီးကို ပလစ်ထားလိုက်စမ်းပါ
ပြီးသွားပြီမှတ်လား ထားခဲ့လိုက်စမ်းပါဟာ""အန်တီကြီး?
နင်သေချင်နေလို့လား Joy?Darlingက တကယ့်ကိုကျက်သရေရှိ...
သတိမထားမိလိုက်ခင်မှာပဲ
အလိုအလျောက်ပြောမိတဲ့နာမ်စားကြောင့်
Jennie ပြောနေတဲ့စကားကို ရပ်ပစ်လိုက်တယ်Joyကတော့ Jennieကိုကြည့်နေပြီး...
"နင် ဘယ်သူ့ကိုချစ်တာလဲ?"
"ဘာကိုလဲ?"
"နင်ချစ်တာ ဟိုအစုတ်ပလုတ်မ Ireneကိုလား?
ဒါမှမဟုတ် အဲ့ဒါ unnie lisaလား?"ချက်ချင်းပြန်ဖြေသင့်တယ်
ဒါပေမယ့် Jennie ပြန်ပြောဖို့ကို
ဘာလို့တွေဝေနေမှန်း မသိဘူး"နင်မပြောနိုင်တော့ဘူးမှတ်လား?"
"ငါ....ငါ unnie lisaကို အားနာလို့ပါ"
"ထားပါတော့
ဒါပေမယ့် နင်သေချာစဥ်းစားသင့်တယ် Jennie!
နင်တကယ်ချစ်ခဲ့တာရော ဟုတ်ရဲ့လားလို့ပေါ့"Joyကပြောပြီးတာနဲ့phအေးဆေးထိုင်သုံးနေတယ်
မအေးဆေးနိုင်တာကတော့ Jennieကိုယ်တိုင်ပါပဲ
ŞİMDİ OKUDUĞUN
So far away(Completed)