ခြေလှမ်းကျဲ​​တွေနဲ့ babyဆီသွား​တော့
သူတို့က တမင် စကားစ ဖြတ်လိုက်ကြသလိုမျိုး

"Baby ကြာလိုက်တာ"

"စကား​ပြော​နေလို့ပါ Darlingရဲ့
ဒါနဲ့ ဒီက Kim Jichuတဲ့"

"ကိုယ်သိပါတယ်"

"Liliက chuပိုမှတ်မိလို့လား?"

Lisa ကိုပြုံးရွှင်ပြီး​မေးလာတဲ့ သူမ​ကြောင့်
ဘာလဲဟ ဆိုတဲ့အ​တွေးနဲ့အတူ ​​ကြောင်​နေမိတယ်

"Darlingက unnieကိုသိလို့လား?"

"ခုဏက chae​ပြောပြတာ unnie jisooရဲ့...

"အာ...ဟုတ်တယ်
Chuက jisoo ရဲ့ အမ jichuပါ
ပြန်လိုက်ဦးမယ်​နော်

Jennie!"

"ဟုတ် Unnie!"

"ဂုဏ်ပြုပါတယ် လက်ထက်ပွဲအတွက်
Unnie ပြန်​တော့မယ်​​နော်"

Babyကို နှုတ်ဆက်ပြီး ပြန်သွားတဲ့
အဲ့ဒီ့ chuဆိုတဲ့ မိန်းက​လေးကို lisaမြင်ဖူးသလိုမျိုး
ဒါ​ပေမယ့် လုံးဝစဉ်းစားမရခဲ့ဘူး

"သွားကြရ​အောင် Darling!"

"အင်း"












~~~~~~~~~~~~~~~~~~~~~~~~~

"ဘာ​တွေ ​တွေး​နေတာလဲ darling?
ပြန်​ရောက်တည်းက ငြိမ်​နေတာပဲ"

ဂုဏ်ပြုပွဲပြန်လာတည်းက
တစ်ခုခုကို​တွေး​နေသလိုမျိုး ငူငိုင်​နေတဲ့ Darlingကို
Jennie ​မေးလိုက်​တော့ ခုမှ သတိဝင်လာတဲ့ပုံ...
ဘာ​တွေများ အဲ့​လောက်စဉ်းစား​နေမှန်းကိုမသိဘူး

"ဟင့်အင်း baby!
သောက်ထားလို့ ​ခေါင်းနည်းနည်းကိုက်​နေတာ​နေမှာပါ"

"​ရေချိုးလိုက်ပါလား?
Baby လည်း အခုပဲချိုး​တော့မှာ
နောက်ပြီးရင်ချိုးလိုက်​လေ"

"တူတူချိုးမယ်"

"ဟင်?"

Lisa ​ပြောလိုက်​တော့
ဖြစ်ပျက်သွားတဲ့ babyရဲ့ ရုပ်​လေးက
တကယ့်ကို အသည်းယားစရာ​လေးပါ
ခေါင်းထဲဝင်လာတဲ့ အကြံဆိုး​တွေနဲ့အတူ
Baby အနားကို တစ်လှမ်းချင်း တိုးသွား​တော့
သူမ က အ​နောက်ကို တ​ဖြေး​ဖြေးဆုတ်သွားတယ်

"Darling ​နော်!
ဘယ်လိုဖြစ်​နေတာလဲ?
အခုချိုးချင်​နေပြီဆို တခြားအခန်းသွားချိုး
အတူမချိုးနိုင်ဘူး"

So far away(Completed)Where stories live. Discover now