လက်ထောက်ကျန်းတစ်ယောက် ဘယ်ကမှန်း
မသိတဲ့ဝမ်းကွဲညီ အကြောင်းသိချင်နေပေမယ့်
သူ့သူဌေးရဲ့ အေးစက်နေတဲ့အကြည့်ကြောင့်
သူခေါင်းငြိမ့်လိုက်ပြီး မြန်မြန်ပြန်ထွက်သွား
လိုက်ရတယ်။စုယွီ ထမင်းဘူးကိုဖွင့်လိုက်ပြီး ဟင်းတွေကို
နေရာသေချာချလိုက်တယ် ချူချန်းရန်ကို
တူတစ်စုံပေးလိုက်ပြီး
"ဝမ်းကွဲအစ်ကို ဗိုက်ဆာနေပြီမလား
မြန်မြန် စားကြည့်"ချူချန်းရန် တူကိုကိုင်လိုက်တော့မှ စုယွီ
လဲ တူကိုစကိုင်ကာ စားလိုက်တယ်။
ချူချန်းရန် စုယွီကိုနားလည်ရခက်စာ
လှမ်းကြည့်လိုက်ပြီး စစားလိုက်တယ်။စုယွီ ဟင်းတွေအများကြီးပြင်လာပေမယ့်
ယောကျာ်းလေးနှစ်ယောက်ရဲ့ အစားစားနှုန်းက
မြန်တာကြောင့် သူတို့စားလို့မပြီးသေးခင်မှာဘဲ
ဟင်းတွေက အမြန်ကုန်သွားတယ်။စုယွီ အရမ်းများများ စားမိတာကြောင့်
နေရတာ သက်တောင့်သက်သာမဖြစ်တော့ဘူး။
သူဆိုဖာပေါ် ပျင်းရိစွာမှိလိုက်ပြီး
"ဝမ်းကွဲအစ်ကို ကျွန်တော်အများကြီးစားလိုက်မိ
ပြီ အခုနေ လမ်းလျှောက်ဖို့တောင်အဆင်မပြေဘူး ကျွန်တော် ဒီမှာခဏထိုင်လို့ရတယ်မလား?""အင်း" ချူချန်းရန် ခေါင်းငြိမ့်လိုက်တယ်။
သူ စုယွီကို လျစ်လျူရှူလိုက်ပြီး စားပွဲပေါ်မှာ
အလုပ်ပြန်လုပ်နေလိုက်တယ်။စုယွီ သန်းလိုက်ပြီး ဆိုဖာပေါ်ကနေ လျှောက်ကြည့်နေလိုက်တယ် အဲ့ဒီအချိန်ဘောလုံးလေးက
ကျန်းယွဲ့ယွဲ့က အခုနေ့လည်စာစားပြီး ကုမ္ပဏီကို ပြန်လာပြီဖြစ်ကြောင့် သတင်းပို့လာတယ်။
စုယွီ ဆိုဖာပေါ်ကနေ ထလိုက်ကာ ထမင်းဘူးကို
ယူလိုက်ပြီး"ဝမ်းကွဲအစ်ကို ကျွန်တော်အခု ပြန်တော့မယ်
ကျွန်တော် ဒီနေရာနဲ့သိပ်မရင်းနှီးလို့
ကျွန်တော့်ကို အောက်ထပ်အထိပြန်လိုက်ပို့ပေး
ပါလား"ချူချန်းရန်း စုယွီကိုလှည့်တောင်မကြည့်ဘဲ
လက်ထောက်ကျန်းကို လိုက်ပို့ခိုင်းဖို့
ပြောလိုက်တယ်။ စုယွီ ဖြူစင်ပြီးသနားဖို့
ကောင်းတဲ့ မျက်နှာလေးလုပ်လိုက်ပြီး
သနားစရာဖြစ်အောင်ပြောလိုက်တယ်
"ခုန ကျွန်တော် ပထမထပ်ကိုတက်လာတုန်းက
လုံခြုံရေးဝန်ထမ်းအချို့က ကျွန်တော့်ကို
အပြင်ကို ကန်ထုတ်ဖို့လုပ်ကြတယ်
ကျွန်တော်က ဝမ်းကွဲညီလို့ပြောတာကို မယုံကြဘူး အဲ့ဒီတုန်းက အရမ်းကြောက်ဖို့ကောင်းတာဘဲ လက်ထောက်ကျန်းကရောက်လာပြီးလာ
ခေါ်တာတောင်မှ သူတို့က ကျွန်တော့်ကို ငွေရဖို့အတွက် လာတွယ်ကပ်ဖို့ကြိုးစားနေတယ်
ဆိုပြီး ပြောနေကြတယ်"
JE LEEST
ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်
FantasyNOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့systemရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့်တစ်ဦးတည်းသောလူတစ်ယောက်ပါ မင်းငါတို့နဲ့ချိတ်ဆက်ပေးပါလား စုယွီ : ငါ့မှာဒီလောက်ပိုက်ဆံ၊ရုပ်ရည်၊အရည်အ...
Chapter 1.4
Start bij het begin