Part 43 <သိမ်းပိုက်>

4K 399 17
                                    


ပြတင်းပေါက်မှဖြတ်တိုက်လာသော လေနုအေးတွင် မိုးရွာတော့မည့် အနံ့များကပ်ပါလာသည်။ မျက်စိကိုဖွင့်လိုက်ရာ လိုက်ကာကြားမှ နေရောင်ခြည်ကို ခံစားလိုက်ရသည်။ မိမိဘေးကို စမ်းကြည့်လိုက်
သော်လည်း အေးစက်နေသော အိပ်ရာဘေးက နေရာကြောင့် လှည့်ကြည့်ရာ ရှိမနေသော
ရှိုင်းခန့်မောင်ပင်။ အခန်းထဲသို့ လှည့်ကြည့်လိုက်ရာ စားပွဲပေါ်တွင် အိပ်ပျော်နေသော ရှိုင်းခန့်မောင်ကို တွေ့လိုက်ရသည်။ အနားကိုထသွားကြည့်လိုက်ရာ ပြန့်ကျဲနေသော သတင်းစာအပိုင်းအစများနှင့် ရေးမှတ်ထားသော အကြောင်းအရာများကို တွေ့ရလေသည်။ ဖွင့်လျက်ဖြစ်နေသော Laptop ကိုပိတ်လိုက်
ကာ ရှိုင်းခန့်မောင်​၏ ပခုံးကိုဖွဖွရွရွ ပွတ်သပ်လိုက်မိသည်။ အနွေးထည်တစ်ထည်ကို လွှမ်းခြုံပေးကာ တိတ်တဆိတ် ရေချိုးခန်းထဲ ဝင်လာလိုက်
တော့သည်။

မျက်နှာသစ်ပြီးပြန်ထွက်လာရာ နိုးနေပြီဖြစ်သော
ရှိုင်းခန့်မောင်ကို တွေ့လိုက်ရလေသည်။ အိပ်ရေး
ပျက်ထား၍ မျက်လုံးအောက်ခြေတို့ ညိုချင်နေလေပြီ။ ညီလင်းပိုင်သည် ပြုံးပြလျက်

"ဘာလို့ အိပ်ရေး ပျက်ခံရတာလဲဗျာ၊ ကျွန်တော်
လည်း လိုက်ရှာကူမှာပေါ့"

"ရပါတယ်ပိုင်ရာ၊ ကိုယ်ကအဆင်ပြေတယ်၊ ခေါင်းကိုက်တာ သက်သာရဲ့လား"

ထိုသို့ပြောလိုက်ကာ တီရှပ်အင်္ကျီကို ဆွဲချွတ်လိုက်
သော ရှိုင်းခန့်မောင်ပင်။ အပေါ်ပိုင်းဗလာ ဖြစ်သွားရာမှ ပေါ်ထွက်လာခဲ့သော ဝမ်းဗိုက်ကြွက်သားများကို ငေးကြည့်နေမိသော ညီလင်းပိုင်ဖြစ်သည်။ အကြည့်လွှဲလိုက်ရင်းမှ ညီလင်းပိုင်မှ

"ရေချိုးမှာဆ်ို ချိုးတော့၊ ကျွန်တော် ဗိုက်ဆာလို့ အောက်ဆင်းနှင့်မယ်"

ရှက်သွားသော ညီလင်းပိုင်ကို စချင်လာတာကြောင့် လှည့်ထွက်သွားသော ကျောနောက်ဘက်ကနေ ထပ်တူ လိုက်လျှောက်ရင်း တံခါးဖွင့်နေပြီဖြစ်သော လက်ကို လှမ်းတားလိုက်သည်။ တံခါးကို ဖွင့်နေသော လက်ကိုင်တံခါးပေါ်မှ လက်သေးသေးပေါ်  ထပ်တူ ဆုပ်ကိုင်လိုက်ပြန်သည်။ ညီလင်းပိုင်​၏ ကျောဘက်တွင် ရှိုင်းခန့်မောင်​၏ အဝတ်ကင်းမဲ့နေသော ဗိုက်သားက ကပ်လျက်ရှိသည်။ ရှိုင်းခန့်မောင်​၏ ဝင်သက်ထွက်သက်က ညီလင်းပိုင်​၏ လည်ပင်းနားတွင် ဝေ့ဝဲနေတော့သည်။ ညီလင်းပိုင်သည် တင်းကျပ်သော ခံစားချက်နှင့်အတူ သွေးတွေပြောင်းပြန်
စီးနေသလို ပူထူလာတော့သည်။

သိမ်းပိုက်....🍃Where stories live. Discover now