အပိုင်း(၃၄)တစ်ကျော့ပြန်

Start from the beginning
                                    

နားနေဆောင်တွင် ခဏနေလိုက်ပြီးနောက် ဆေးပစ္စည်းပစ္စယများအား ကိုင်ကာ ကိုဆက်ရောက်ရှိလာ၏။

"Boss"

"နောက်ကျောဘက်မို့ ငါ မမှီဘူး...ဆေးထည့်ဖို့ တစ်ချက်ကူညီပေး"

ခွန်းသုရှင် ဝတ်ထားသောအင်္ကျီအားချွတ်ကာ နောက်ကျောပေးနေလိုက်သည်။

ကျောပြင်ရှိ သွေးစို့နေသောရှရာအများအပြားအား ကြည့်ကာ ကိုဆက်အံ့အားသင့်သွားရသည်။

"Boss အနာရှိန်နဲ့အဖျားဝင်နိုင်တယ်...အရင် ဆေးခန်းသွားရအောင်"

"ရတယ် ကိုဆက်...ငါဒဏ်ရာရတာ ငါရဲ့ကျောမဟုတ်ဘူး ကိုဆက်...ငါ့ရဲ့နှလုံးသား...ဒီကျောပြင်က ဒဏ်ရာလောက်ကို ငါမနာတော့ဘူး"

"Boss ရယ်"

ကိုဆက် အရက်ပြန်စွတ်ထားသော ဂွမ်းစအားကိုင်ရင်း တိုးညှင်းသောအသံဖြင့် ရေရွတ်လိုက်မိသည်။

"ငါ့ကို အရမ်းမုန်းနေတယ်ထင်တယ်...ငါ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်နိုင်လောက်အောင်ထိ ငါ့ကို နာကျည်းနေတယ်"

"Boss အဲလိုမတွေးပါနဲ့"

"အားလုံးငါ့အမှားတွေ ကိုဆက်...ငါ့ဘက်က မှားခဲ့တာကြီးပဲ"

"ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်ပါနဲ့ boss...ပြင်ဆင်လို့ မရတဲ့အမှားဆိုတာ မရှိပါဘူး...ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းက လွန်းငယ်နဲ့ဆိုင်ပေမဲ့ အမှားပြင်ဆင်ခြင်းကတော့ bossနဲ့ပဲသက်ဆိုင်တယ်...မှားမှန်းသိပြီး အားလုံးကို လက်လျော့လိုက်မဲ့အစား အတတ်နိုင်ဆုံးပြင်ဆင်ကြည့်ပါ"

"သူငါ့ကို တစ်သက်လုံးခွင့်မလွှတ်ရင်ရော"

ကိုဆက် bossအား ဂရုစိုက်ဆေးလိမ်းပေးနေရင်း ပြန်ဖြေလိုက်သည်။

"Boss တစ်ခုခုကို တွေးပူနေမဲ့အစား အရင်ကြိုးစားကြည့်လိုက်ပါ"

အတွေးနယ်ထဲ ဝင်ရောက်သွားပုံရသော bossက ဘာမှပြန်ဖြေမလာတော့။

ကိုဆက် ဆေးလိမ်းပေးပြီးသွားသောအခါ ဆေးပစ္စည်းများအား ပြန်လည်သိမ်းဆည်းလိုက်သည်။

"Boss ကုမ္ပဏီ မသွားတော့ဘူးမလား"

"အရေးကြီးတဲ့ အချိန်ဇယားရှိလား ကိုဆက်"

စေရာ(Complete)Where stories live. Discover now