"အဲ့ဒါက ဘာလဲ?" စုယွီ မေးလိုက်တယ်

ဘောလုံးလေးက သူ့နားကိုပျံလာပြီး စုယွီမေးတဲ့ဟာကို တစ်ချက်ကြည့်ပြီး ဖြေလိုက်တယ်
" hostသာ ဒီကမ္ဘာက taskတွေကို ပြီးမြောက်တာကို ကမ္ဘာရဲ့အစိတ်အပိုင်းလို့ခေါ်တယ်
အင်း...နားလည်အောင်ပြောရမယ်ဆိုရင်
အောင်မြင်ကြောင်း ဆုတံဆိပ်ပေါ့ဗျာ"

"အဲ့ဒီတော့ ဒါကအသုံးမဝင်ဘူးဘဲ" စုယွီက ဒီလိုဆုတံဆိပ်လိုအရာမျိုးတွေမပြောနဲ့ သူ့အိမ်မှာ သူအောင်မြင်ခဲ့တဲ့ ဆုတွေ certificatesတွေကို အခန်းတစ်ခုနဲ့ ထားထားတာကိုတောင် အာရုံစိုက်ခဲ့တာမဟုတ်ဘူး

ဆက်ပြောရမယ်ဆိုရင်  တကယ်လို့သူသာ ဒီmissionကိုအောင်မြင်ချင်တယ်ဆိုရင် ဒီအချက်တွေကိုတော့ အာရုံစိုက်မှဖြစ်မယ်

1. ဇာတ်လိုက်ရဲ့ဦးနှောက်အခန်းက အရမ်းကိုကန့်သတ်ထားတယ် တစ်ရက်ကို 1%ဘဲ ဖြည့်ပေးလို့ရလိမ့်မယ်

2. တကယ်လို့ သူယူထားတဲ့ဇာတ်ကောင်က
ဇာတ်အိမ်မှာ နေရာအကြီးကြီးယူမိလာရင် OOCအနေအထားကနေ ရှောင်လို့ရတယ် (OOC=Out of Character)

3.သူရရှိထားတဲ့ IQ Pointsတွေကို သုံးပြီး
တော့ IQ storeမှာ တချို့ပစ္စည်းတွေကို ဝယ်လို့ရတယ်။ အဲ့ဒီပစ္စည်းတွေက သူ့ရဲ့ခန္ဓာကိုယ်ပုံစံကို ပိုမိုကောင်းအောင်ပြုပြင်နိုင်တဲ့ဆေး၊ ဒဏ်ရာအမြန်ကျက်ဆေး၊ တခြားလူရဲ့အသက်ကို ကယ်တင်နိုင်တဲ့ဆေး။  အရေးကြီးတဲ့အချိန်အတွက်ဆိုရင် Hostတွေက ဒီအပိုpointsတွေကို သိမ်းထားလို့ရတယ်

4. ကမ္ဘာအစိတ်အပိုင်းကတော့ သုံးလို့လဲမရ၊ရောင်းလို့လဲမရသလို သူများကိုပေးလို့လဲမရဘူး။
သူကအစိတ်အပိုင်းကို ဒီတိုင်းထားလို့ဘဲရလိမ့်မယ်

စုယွီ ဒီအချက်တွေကိုနားလည်အောင်ဖတ်ပြီးတော့ မေးလိုက်တယ် "ဒီကမ္ဘာကပျက်စီးခါနီး
ဖြစ်နေပြီဆိုပေမယ့် ဘာလို့ဒီခန္ဓာကိုယ်မှာ မှတ်ဥာဏ်တွေမရှိရတာလဲ"

"Ah! ကျွန်တော် အဲ့ဒါကိုမေ့သွားတယ်! ဒီမှာ
အခုဘဲ သူတို့ကိုထည့်ပေးလိုက်ပြီနော်"  ပုံမှန်ဆို systemက အလုပ်လုပ်ရင် တိတ်ဆိတ်ပြီး
တိကျပေမယ့် ဒီhostနဲ့ကျမှ အကုန်လုံးမေ့နေမိတယ်။ အပြာရောင်လုံးလေးကနေ အပန်းရောင်လုံးလေး အဖြစ်ပြောင်းလိုက်တယ်

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now