"ဘာလည်း Hyung က ကျတော့်ကို အလုပ်မြန်မြန်ထွက်စေချင်တာလား
အခုမှ အလုပ်၀င်တာ တစ်ပတ်လောက်ပဲရှ်ိသေးတာကို"

"ဟာ....ငါပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး Taehyung ရယ်
ငါ့လက်အောက်မှာ အလုပ်လုပ်နေတာဆိုတော့
မင်းအဆင်မပြေမှာစိုးလို့ပါ"

"ဟင်းအင်း အဆင်မပြေတာမရှိပါဘူး Hyung
ဆိုင်ဖွင့်ဖို့ဆို နေရာတို့ဘာတို့အရင်ရှာရမှာမလို့
အချိန်ယူဖို့တော့လိုတယ်လေ"

"အေးပါ မင်းအဆင်ပြေရင်ပြီးတာပဲ
မင်း ကြိုက်သလိုလုပ်"

"အကို Taehyung ရဲ့ သူငယ်ချင်းဆိုလားပဲ
ဆိုင်ကိုအလည် လာလို့"

"ဟင်...ဟုတ်လား "

"သွားတွေ့လိုက်ပါ မင်းလဲလောလောဆယ်အားနေတာပဲ
အကယ်၍ လူလာရင် ငါဓာတ်ပုံရိုက်ပေးလိုက်မယ်"

"ဟုတ်ကဲ့ Hyung"

နားနေခန်းထဲကနေ အပြင်ကိုထွက်လိုက်တော့
Customer များထိုင်နေကြနေရာမှာ ထိုင်ရင်း
ဖုန်းသုံးနေသည့် သူ့ရဲ့ နှစ်ယောက်မရှိနိုင်ပါသော
သူငယ်ချင်းကြီး Jimin

"ဟာ Jimin ဘာကိစ္စရှိလို့ ဆိုင်အထိရောက်လာရတာလဲ
မဟုတ်မှလွဲရော ယောင်္ကျားပူမိနေလို့လား"

"အမလေး ငါက Jungkook နဲ့ အဆင်ပြေတယ်နော်
အဆင်မပြေတာက မင်း"

"ဘယ်လို...."

"မင်း Hoseok နဲ့ အဆင်မပြေဘူးဆို"

"မဟုတ်မှလွဲရော အိမ်ကိုရောက်ခဲ့သေးတာလား
Jimin..."

"အေးပေါ့"

"ကျစ်! မေမေတော့ မင်းကို ပေါက်ပေါက်ဖောက်လိုက်ပြီထင်တယ်"

"ဒီကိစ္စက အန်တီနဲ့ကော Hoseok နဲ့ကော
နည်းနည်းလေးမှမဆိုင်ဘူးနော်
သူ့တို့ကို ရန်သွားတွေ့မယ်ဆို ငါမင်းနဲ့စကားမပြောတော့ဘူး"

"ဟာ ဟေ့ကောင် ငါ က မင်းသူငယ်ချင်းနော်"

"ကဲပြော Hoseok နဲ့ ဘာတွေအဆင်မပြေဖြစ်နေတာလဲ
ငါသိရသလောက်ဆိုရင်တော့ လက်ထပ်တဲ့နေ့ကနည်းကဆို"

"အဆင်မပြေတာမရှိပါဘူး"

"နားစမ်းပါကွာ!! ဒီမှာ မင်းငါ့ကိုရင်ဖွင့်ချင် ရင်ဖွင့်လို့ရအောင်ပါလေဆိုပြီး ဒီအထိလိုက်လာတာနော်
မင်းအေးအေးဆေးဆေးစကားပြောလို့ရအောင်
ဆိုပြီး Jungkook ကိုတောင် ငါခေါ်မလာခဲ့ဘူး"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now