Me & He-18

1.2K 190 46
                                    

လက်ခုံပေါ်သို့ အများအပြားကျဆင်းလာသောမျက်ရည်ပေါက် ကြီးငယ်တို့အား မသိကျေးကျွန်ပြုလိုက်ကာ ကုတင်စောင်းကိုထိန်းကိုင်၍အားပြုလျက် Hoseok တဖြည်းဖြည်း
မတ်တပ်ရပ်လိုက်သည်

Taehyung နှင့်ပတ်သတ်လျှင် ထိလွယ်ရှလွယ် ခံစားလွယ်တတ်သော မိမိစိတ်အ‌ခြေအနေကို ကိုယ်တိုင်လည်းမုန်းမိပါ၏

ခေါင်မိုးပေါ်သို့ ကျဆင်းလာသော မိုးစက်
တို့၏ တဖြောက်ဖြောက်အသံကြောင့်
တစ်ဖက်က ပြတင်းပေါက်ကို အမှတ်မထင်
ငေးမောကြည့်လိုက်သည်

သိပ်မကြာလိုက်ပါ မိုးပေါက်တို့ တစ်စတစ်စ
အရှိန်ပြင်းစွာ ကောင်းကင်ဆီမှ ဆင်းသက်လာ
ခြင်းနှင့် ထပ်တူ ခေါင်မိုးသို့ ရိုက်ခတ်လာသော
မိုးပေါက်တို့၏ တဖြောင်းဖြောင်း အသံမှာလည်း
ပိုမိုကျယ်လောင်လာ၏

ဝုန်းဒိုင်းကြဲနေသော မိုးသံများကြားမှ
ဖုန်းမြည်သံ သည် နားထဲကို တိုးလျစွာ
၀င်ရောက်လာသည်

ဖုန်းရှိရာ ကုတင် နား သို့ ပြန်သွားလိုက်ပြီးကောက်ကိုင်လိုက်တော့ Jungkook ဖြစ်လို့နေ၏

လည်ချောင်းကို တစ်ချက်ရှင်းလိုက်ကာ
အသံကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး

"Hello Jungkook ဘာကိစ္စရှိလို့လဲ...??"

"......."

"Hello... Jungkook...Hello..."

"မင်း ဘာဖြစ်နေဝာာလဲ Jungkook, အဲ့ကိစ္စကို
Hoseok ကို သွားမပြောပါနဲ့လို့ ငါ ဘယ်နှခါပြောရမလဲ"

"တော်စမ်းပါ Jimin ရာ , ဒီကိစ္စကို မြင်ရဲ့သားနဲ့
Hoseok ကိုမပြောရအောင် လိပ်ပြာလုံလုံနဲ့
နှုတ်ပိတ်ထားနိုင်မယ်ထင်လို့လား
အခုမပြောလည်း ကိုယ် က နောင် ပြောဖို့ကြိုးစားမှာပဲ"

တစ်ဖက်က Jimin ရဲ့ စကားသံကို မကြားရဘဲ
Jimin နဲ့ Jungkook နှစ်ယောက်သား
စကားများနေတဲ့ အသံကိုပဲ ကျတော်
ကြားလိုက်ရသည်

အခု သူတို့ဘာတွေပြောနေကြတာလဲ???
ကျတော့်ကို ဘာတွေ ဖုံးကွယ်ဖို့ကြိုးစားနေ
တာလဲ

"ကျစ်!!! ငါ ကော မင်း ကော အဲ့တာကို မြင်ခဲ့တယ်ဆိုတာ မှန်တယ်လေ
ဒါပေမယ့် အကြောင်းအရင်း သေချာမသိပဲ
Hoseok ကို ပြောလို့ကောင်းပ့ါမလား"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now