"ကျစ်....! အလုပ်သွားခါနီးဆို ပြသနာတွေကစပြီ ။ အလုပ်မှာပြသနာကတစ်မျိုး၊ မင်းပြသနာကတစ်မျိုး "

"ခွန်း ကျောင်းဆက်တတ်ချင်တယ်လို့်ပြောလိုက်မိတာ အပြစ်ရှိလို့လား? "

မာန် လည်းပြန်ခံပြောနေတဲ့ ခွန်းကိုဒေါသထွက်သွားကာ
ဆံပင်နုနု တို့ကိုနောက်ပြန်ဆောင့်ဆွဲလိုက်သည်။

"ပြန်ပြောစမ်း!"

ဆံပင်ကိုဆုပ်ဆွဲထားသော မာန့်ရဲ့လက်တို့သည် ပိုမိုတင်းကြပ်လာတာကြောင့် ဆံပင်တွေအုံလိုက်ကျွတ်ထွက်မတတ် နာကျင်လာရသည်။

"နာ....နာတယ်...."

"ကျစ်....! သောက်ကျိုးကိုမပေးဘူး"

မာန် လည်းဆုပ်ကိုင်ထားသော ဆံပင်တို့ကိုလွှတ်ပေးကာ လက်ဆွဲအိတ်ကိုယူ၍ ကုမ္ပဏီ သို့သာထွက်ခဲ့လိုက်သည်။

..........။

"တကယ်ကိုစိတ်ရှုပ်စရာပဲ "

ရုံးခန်းမှာထိုင်နေရင်း အလိုမကျသလိုပြောတော့ စစ်ကို ကမေးလေသည်။

"ဘာဖြစ်လို့လဲ Boss"

"ဘာမှမဟုတ်ဘူး။ စိတ်ထဲမထားနဲ့ အခြေအနေပြောဦး"

"အခြေအနေကတကယ်ကိုအဆင်ပြေတယ် Boss သိန်း ၄၀၀၀ မှာဈေးတည့်သွားတယ် Boss မနက်ဖြန် စာချုပ်ကိုအပြီးချုပ်မယ် Boss "

"အင်း အဆင်ပြေရင်ပြီးတာပဲ "

"Boss ကိုယ်တိုင်သွားမှာလား "

"အင်း ငါကိုယ်တိုင်သွားမယ် "

"Yes Boss အဆင်သင့်ပြင်ထားလိုက်ပါ့မယ် "

"ဒီနေ့ရော ဘယ်အချိန်တွေရှိသေးလဲ"

"၂ နာရီခွဲမှာ meeting တစ်ခုရှိပါတယ် တိုးချဲ့မယ့်mallအတွက် ဆောက်လုပ်ရေးခေါင်းဆောင် တစ်ယောက်နဲ့ အတူသူအဖွဲ့သားတွေနဲ့ တွေ့ဆုံဆွေးနွေးရပါမယ် "

" ငါတို့ Mall အတွက် ခေါင်းဆောင်ကဘယ်သူလဲ? "

" ဘုန်းစစ်ဟန် လို့တော့ပြောတယ် Boss အဓိကအပိုင်းကိုတာဝန်ယူထားရတဲ့သူပါ "

"ကောင်းပြီ ။ meeting မှာအမှားအယွင်းမဖြစ်ပါစေနဲ့ ပြီးတော့ ခွန်းဘာကြိုက်တတ်လဲ မင်းသိတယ်မဟုတ်လား? အောက်ကဆိုင်မှာဝယ်ပြီးသွားပို့ပေးလိုက် ငါညဘက်အိမ်ပြန်မလာဘူးဆိုတာကိုပါထည့်ပြော "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now