အခန်း ၂၃

258 25 0
                                    

Unicode

သုံးရက်.. သုံးရက်ရှိပြီ သူ သီထွဋ်ကို မတွေ့ရသည်မှာ သုံးရက်ပြည့်သွားခဲ့ပြီ ။

ထိုရက်တွေအတွင်းမှာ သူ သိလိုက်ရတာက အလွမ်းဒဏ်က တော်တော် ခံစားရခက်တာကိုပင် ။ ရွာပြန်ပြီး ပြေးတွေ့ချင်စိတ်ကို မြိုသိပ်ထားရတာက တကယ်ကို ခက်ခဲသည် ။ အလွမ်းထုထည်က ကြီးမားတဲ့အတွက် သူ့စိတ်နှလုံးကလည်း ညှိုးနွမ်းလျက်နေသည် ။ စတိတ်စင်ပေါ်က ကျန်းမားရေး အသိပညာပေး ဟောပြောနေသော ကောင်လေးနဲ့ဆင်သော မျက်နှာလေးက သူ့ကို ပို၍ ဆတိုးလွမ်းစေသလိုပင် ။ သူဟာ ဂရုတစိုက် နားထောင်နေပြီး ထိုဆရာဝန်မလေးကို ကြည့်နေတာကို အကြည့်လွှဲလိုက်သည် ။ ဟောပြောပွဲ ခန်းမထဲမှ ထွက်လာကာ ကျောင်းဆောင်အောက်သို့ ဆင်းလာခဲ့လိုက်သည် ။ အရိပ်ရ အပင်အောက်ရှိ ခုံတန်းပေါ်တွင် ထိုင်လိုက်ပြီး ပြေးလွှားဆော့နေသော  ကလေးများကို ကြည့်နေခဲ့သည် ။

ထိုစဥ် ဘေးနားသို့ လာရပ်သော လူတစ်ယောက် ။
ထိုလူ သူ့ဘေးနားတွင် ဝင်၍ ထိုင်လိုက်ချိန်မှာ သူက ခေါင်းကို ဘေးသို့ စောင်းကာကြည့်လိုက်သည် ။
မထင်မှတ်ထားသော လူမို့ ပြုံးပြဖို့တောင် သတိမရဘူး ။ စိတ်ထဲမှာ အနေရခက်မှု ပေါ်ပါက်လာပြီး အလိုလို ထရပ်လိုက်မိသည် ။

" ကျွန်တော့်ကို မရှောင်ပါနဲ့ကိုကို ရှောင်ပြေးနေလို့ ဘာမှ မထူးပါဘူး "

သူက ထိုစကားကို လစ်လျူရှုလိုက်ပြီး ရှေ့ဆက် လှမ်းလိုက်သည် ။

" ကျွန်တော့်ကို မုန်းနေတာလား ကိုကို.."

သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည် ။
ရွံမုန်းတယ်လို့ ပြောခဲ့သူက ' ကိုကို ' ဟူသော အသုံးအနှုန်းကို သုံးနေဆဲ ။
သူက တစ်ခါတစ်လေ ထိုလူကို နားမလည်နိုင်ဘူး ။

သူ ထိုလူကို ရှောင်ပြေးနေခဲ့တာ သုံးရက် ရှိခဲ့ပြီ ။

သူတို့ပြန်တွေ့ခဲ့ကြရင်  ရွံရှာတဲ့ အကြည့်တွေနဲ့ ၊ မနှစ်မြို့တဲ့ အမူအရာတွေနဲ့ ဖြစ်နေမဲ့ ထိုလူ့ပုံစံကို သူအမြဲတွေးတောခဲ့ဖူးတယ် ။ သူ့ကြောင့် ထိုလူ စိတ်ဒဏ်ရာဖြစ်နေမလား လို့ စိုးထိတ်ခဲ့ဖူးတယ် ။ သူ့ကိုယ်သူ အပြစ်တင်ကာ ထိုလူအား စိတ်ပူခဲ့ဖူးတယ် ။ ထိုလူနဲ့ မျက်နှာချင်းဆိုင်ရမှာ စိုးကြောက်လွန်းလို့ သူရှောင်ပုန်းနေခဲ့တာ ခြောက်နှစ်ကျော်ခဲ့ပြီ ။

ကွက်လပ်Tahanan ng mga kuwento. Tumuklas ngayon