စက်ဘီးပေါ်မှာစနောက်ရင်းရယ်မောရင်းနဲ့ ကျောင်းဝင်းထဲ
ဝင်သွားတဲ့စက်ဘီးလေးဟာ အခုတော့သူမကိုမသိတော့သလိုလို။

နေ့လည်စာစားတဲ့ကျောင်းကန်တင်းဟာ သူမကိုအဖော်မပြု
ပေးနိုင်တော့ပေမယ့် မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံရင်း
ဖြစ်ပေါ်လာတဲ့ရယ်သံလေးတွေရဲ့ကြည်နူးမှုတွေက သူမဆီကိုပါစီးဆင်းလို့လာသည်။

အိမ်ပြန်ချိန်မှာလည်းအဖော်မဲ့နေသလို အိမ်စာလုပ်ချိန်တွေ
တိုင်းတစ်ယောက်တည်းဖြစ်နေတတ်တာကိုသူမ မမှုတော့။
ဒီအထီးကျန်မှုတွေကို သူမကိုယ်တိုင်တောင်မသိလိုက်ပဲနေသားကျနေခဲ့ပြီ။

ဒါတွေအကုန်လုံးကိုအများကြီးခံစားနေမိတာဟာ အချိန်ကြာ
ကြာတည်ရှိလာခဲ့တဲ့သူငယ်ချင်းဆက်ဆံရေးကြောင့်လို့သာ
သူမအပြစ်ပုံချခဲ့သည်။

.

.

.

အထက်တန်းရဲ့နောက်ဆုံးနေ့ဘွဲအခမ်းအနားရှိတာကြောင့်
ကျောင်းဝင်းထဲမှာ ကျောင်းသားကျောင်းသူတွေ မိဘတွေကို
နေရာအနှံ့တွေ့နေရသည်။

ထိုအတူဆော့ဂျင် ဂျူဝန်းတို့မှာလည်းမိသားစုကိုယ်စီနဲ့ရောက်
ရှိနေကြသည်။

"သားလေး....ဝန်ဝန်းနဲ့ဓာတ်ပုံမရိုက်တော့ဘူးလား မင်းတို့
ဒီတစ်ခါစိတ်ဆိုးတာလည်းကြာလိုက်တာကွယ် သားကပဲ
သွားချော့လိုက်ပါ သူငယ်ချင်းကို"

မာမားရဲ့ပြောစကားမှာဆော့ဂျင်ပြန်ပြောဖို့စကားတွေပျောက်
နေခဲ့သည်။တကယ်တမ်းသူတို့ရန်ဖြစ်ထားလို့ပါဆိုတဲ့အကြောင်းပြချက်ကအချိန်ကြာကြာမခေါ်မပြောတာကိုဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။

သူ့ဘက်ကသွားခေါ်လို့ရတာမှန်ပေမယ့် ဝန်းကဘယ်လိုမှ
သူနဲ့မျက်နှာချင်းမဆိုင်တော့တာကိုသူသိသည်။တစ်ခုခုပေးစ
ရာရှိလို့ဆော့ဂျင်တို့အိမ်ဘက်ရောက်လာခဲ့ရင်တောင် သူ့လို
မားတို့သိသွားမှာစိုးလို့ဆိုပြီးပြာယာခတ်မနေပဲ ဂရုမစိုက်တော့သလိုသာနေသည်။

ဝန်းကတကယ်ပဲနေနိုင်သွားတာ.....

"အို့...ဟိုမှာဝန်ဝန်းတို့ပဲသားရေ!!"

Buddy [Completed]Where stories live. Discover now