အခန်း (576)

870 163 7
                                    

အခန်း  (၅၇၆)  :    ဖန်မောင်နှမ၏ အိမ်သို့ သွားခြင်း

ကျန့်ရှန်းက နှာခေါင်းရှုံ့ကာ  “ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက သေချာပေါက် ကြီးမြတ်တယ်ဆိုပေမဲ့  သူ လုပ်တဲ့ ကိစ္စတိုင်းအတွက် အကြောင်းပြချက် တစ်ခုတောင် မလိုဘူးလား။ ငါတို့ကို ခေါ်သွားချင်တယ် ... ရှင်တို့ရဲ့ အကြောင်းပြချက်က ဘယ်မှာလဲ ”

ဖုန်းလုက  အေးစက်စွာ ပြန်ဖြေလိုက်သည်  “ လို့ယွဲ့ရွမ်းက  အောက်လမ်းစုန်း မျိုးဆက်နဲ့ လျို့ဝှက် ပူးပေါင်းနေပြီးတော့  စုန်းပညာကို တိတ်တဆိတ် လေ့လာနေတယ်။ ဒီလို လူမျိုးကို ငါတို့က ဘာကြောင့် လွတ်ပေးရမှာလဲ။ မင်းက အောက်လမ်းစုန်းမျိုးဆက်ကို ကာကွယ်ပေးချင်မှတော့ မင်းကိုလည်း ခေါ်သွားသင့်တယ် ”

“ ဒီလိုကိုး ” ကျန့်ရှန်းက  စိတ်ဓာတ်ကျသွားမိသည်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက လို့ယွဲ့ရွမ်း၏ မှော်စွမ်းအင် အလျှင်အမြန်  စုစည်းရေး နည်းလမ်းကို  စိတ်ဝင်စားနေကြောင်း သူမ မည်သို့ မသိဘဲ နေမည်နည်း။

ဂိုဏ်းချုပ် ဘုန်းတော်ကြီး အနားရှိနေလျှင်  ပြီးပြည့်စုံသည့် စည်းမျဉ်း ဥပဒေပင် ဟာသတစ်ခုထက် မပိုချေ။

.................…
မိုဝူကျီက  မှော်စွမ်းအင် ကျောက်တုံး  ကိုးတုံးမြောက်ကို သူ့သဘာဝ စွမ်းအင် သိုလှောင်ရေး လမ်းကြောင်းထဲ  စုပ်ယူပြီးခါနီးတွင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး လက်အောက်မှ လူများက  လို့ယွဲ့ရွမ်းကို ဖမ်းဆီးရန် ရောက်လာကြောင်း ကြားလိုက်ရသည့်အခါ  သူက ချက်ချင်း ထရပ်လိုက်သည်။

လို့ယွဲ့ရွမ်းကို မှော်စွမ်းအင် စုစည်းပြီး စုပ်ယူနည်း သင်ပေးစဉ် သူက တစ်ခုခုကို တွေးမိခဲ့သည်။ သူက ကျင့်ကြံခြင်း လောကမှ ရောက်လာခြင်း ဖြစ်ရာ လူတော်တော်များများက တပတ်ရိုက်ရန် ကြိုးစားကြလေ့ ရှိသည်။ လို့ယွဲ့ရွမ်းကို သင်ပေးလိုက်သော နည်းလမ်းမှာ ဤနေရာရှိ လူများအတွက် တုန်လှုပ်ချောက်ချားစေကာ အများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေ၏။

သို့သော်လည်း သူက သူမကို သင်ပေးလိုက်ခြင်းမှာ သူမ အဆင့်မြင့်အတန်းကို မြန်မြန် ဝင်ရောက်နိုင်စေရန် ဖြစ်ပေ၏။ အကယ်၍ မှော်စွမ်းအင် အစီအရင်က သူ့အား ဝိညာဉ်စွမ်းအား ခံစားနိုင်စေမည်ဆိုလျှင် ဂိုဏ်းချုပ် ဘုန်းတော်ကြီးနှင့် သူ့လူများက သူ့အား တိုက်ခိုက်လာလျှင်ပင် လက်တစ်ဖက်တည်းဖြင့် အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်လို့ ရပေသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now