အခန်း (575)

Start from the beginning
                                    

နောက်စစ်ဆေးမှုများကို သက်ရောက်မှု ရှိနေသောကြောင့်  တက္ကသိုလ် အဖွဲ့ဝင်များက  လူစု ပြန်ခွဲလိုက်ကြရသည်။

လို့ယွဲ့ရွမ်းက မှော်စွမ်းအင် ကျင့်ကြံရေးခန်းမမှ ထွက်သွာသည်နှင့်  သူမနား ပတ်လည်ဝိုင်းနေသော  စီးပွားရေးသမားများလည်း ရှင်းသွားတော့သည်။

စီးပွားရေးသမားအများစုအတွက်  အဆင့်မြင့်အတန်းထဲမှ သူများမှာ လို့ယွဲ့ရွမ်း၏ အနာဂတ်နှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ယခု လို့ယွဲ့ရွမ်းကို ကောင်းကောင်း မိတ်ဆွေဖွဲ့ထားပါက  နောင်အနာဂတ်၌  မှော်ဆရာ သို့မဟုတ်  မှော်ဧကရာဇ် နှင့် မိတ်ဆွေ ဖြစ်နေနိုင်သည် မဟုတ်ပါလော။

လို့ယွဲ့ရွမ်း တစ်ယောက် မှော်စွမ်းအင် ကျင့်ကြံရေး ခန်းမမှ ထွက်သွားသည်ကို ကြည့်ကာ ယွင်မော့က လက်သီးဆုပ်ထားမိလိုက်၏။ သူမ အမြဲတမ်း အနိုင်ယူခဲ့သည့် ထိုမိန်းကလေးက ယခုအခါ လက်ခုပ်ဩဘာသံများကို ယူဆောင်သွားလေ၏။ လို့ယွဲ့ရွမ်းက သူမခေါင်းအထက် ရောက်လာသည့်အကြောင်းနှင့် သူမ စင်ပေါ်မှ ပြောခဲ့သောစကားများကို စဉ်းစားမိလျှင်  နှလုံးမီးမြိုက်မတတ် မနာလိုဖြစ်နေမိသည်။ သူမက မှော်စွမ်းအင်ကို မြန်မြန် စုစည်းနိုင်ရန် အောက်လမ်းစုန်းပညာကို သင်ယူထားတာ ဖြစ်ရမည်။

ဘာသာရေး ဂိုဏ်းချုပ်သာ သိသွားလျှင် ဘယ်လို ဖြစ်သွားမလဲ ကြည့်ရသေးတာပေါ့ ....

“ ညီမယွဲ့ရွမ်းက  မှော်စွမ်းအင် စုစည်းနည်းကို ကောင်းကောင်းနားလည်နေတာကို မယုံနိုင်ဘူး ” ဖန်းဟာက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ ဟုတ်တယ် သူမက ဘယ်လို ဖုံးကွယ်ထားရမလဲဆိုတာ ကောင်းကောင်း သိတာပဲ ....  ” ယွင်မော့က ဖွင့်ဟပြောတော့မည့်ဆဲဆဲတွင် စကားလုံးများကို အတင်းကျပ် မျိုသိပ်လိုက်ရသည်။ သူမကို  ဖန်းဟာက  တမျိုးထင်သွားမည်ကို မလိုချင်ပေ။

ဖန်းဟာက ယွင်မော့ စကားများကို စိတ်ထဲ မထားဘဲ လို့ယွဲ့ရွမ်း နောက်ကျောပုံရိပ်ကိုသာ ဆက်ကြည့်နေသည်။ သူ့စိတ်ထဲ၌ လို့ယွဲ့ရွမ်း မှော်စွမ်းအင် စုစည်းပြီး စုပ်ယူနေသည့် မြင်ကွင်းသာ စွဲကျန်နေသည်။ အကယ်၍  သူ့တွင် လို့ယွဲ့ရွမ်းကဲ့သို့  စွမ်းရည်ပိုင်ဆိုင်ပြီး သူ့ဖန်းမျိုးနွယ်စု ပညာရပ်နှင့် ပူးပေါင်းလိုက်လျှင်  သူက ချက်ချင်းဆိုသလို  မှော်ပညာရှင် ဖြစ်လာလိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now