🔇 Silence_Final🔇

Start from the beginning
                                    

ဒီလိုတွေ အကျင့်ပုတ်နေလို့ မမုန်းတော့ပေမဲ့ ကြည့်လို့မရသေးတာဖြစ်မယ်ထင်

ခင်များကိုပြန်ချစ်ဖို့အတွက်ချထားတဲ့ ကျွန်တော်ရဲ့အစီအစဉ်တွေကိုပြန်ဖျတ်တယ် မင်ယွန်ဂီ

*ခင်များက အကျင့်မကောင်းဘူး*

မပွင့်သေးတဲ့မျက်လုံးကို လက်ဖြင်လာဖြဲကာဖွင့်နေတဲ့မင်ယွန်ကြောင့် ကျွန်တော်ဒါသများပင်ထွက်လာရပြီး

"မင်ယွန်ဂီ!!!!"

ကျွန်တော် အော်သံအဆုံး တခ်ခ်ဖြင့်အော်ရယ်ပြန်တဲ့သူ သွားတန်းသေးသေးလေးတွေပေါ်အောင် မျက်လုံးမှေးမှေးလေးတွေ မှိတ်ကျသည်အထိ သဘောကျစွာရယ်သည်

အမြဲတမ်းလိုလို မခံချင်အောင်စကာ မထိတထိလုပ်ကာ ကျွန်တော်စိတ်တိုပါက အော်ရယ်တတ်တဲ့သူက

*ကျွန်တော် စိတ်တိုနေတာလေးက ချစ်ဖို့ကောင်းလို့ပါတဲ့လေ*

အခါတိုင်းနှင့်မတူ မြူးတူတူဖြစ်နေတဲ့ သူကြောင့်ကျွန်တော်အလိုမကျစွာ မျက်မှောင်ကုတ်ကြည့်မိတော့ ပါတဖတ်ကိုဆွဲညစ်လာတယ်

"ကိုယ်အောက်မှာစောင့်နေမယ် မျက်နှာသစ်ပြီးဆင်းလာခဲ့"

ကျွန်တော်‌ခေါင်သာအသာငြိမ်ပြလိုက်တော့ ခပ်ပြုံးပြုံးဖြင့်ထွက်သွားပြန်တဲ့သူ

*အရင်ကရောအခုရော ခင်များကကျွန်တော့်အတွက် နာလည်ရခက်‌နေတုန်းပဲ မင်ယွန်ဂီ*

အောက်ထပ်သို့အရောက် တိတ်ဆိတ်နေပြန်နဲ့ မီးဖိုဆောင်နဲ့ဧည့်ခန်းကျယ်

ဒီ မင်ယွန်ဂီဆိုတဲ့သူနဲ့တော့ခက်ရချေပြီး သူပဲစောင့်နေမယ်ပြော...ဖောက်🎉 happy Birthday My Mochi

အတွေးစပင်မဆုံးလိုက် ‌ကိတ်မုန်ကြီးကိုင်ကာ မျက်စိစေ့ရောက်လာတဲ့သူ ဘေးနားတွင်လည်း နမ်ဂျွန်hyungတို့က BDဦးထုပ်အသေးလေးတွေဆောင်းလို့

"ဆုတောင်ပြီး မီးမူတ်အုန်ုး‌လေ ဂျီမင်"

"ဟင်"

လှစ်ဟာနေတဲ့ မှတ်ဉာတ်တချို့ကိုအမိအရလိုက်ဖမ်းလိုက်ရင် ဟုတ်သားပဲ ဒီနေ့က ကျွန်တော့မွေးနေ့

🔇 SILENCE 🔇Where stories live. Discover now