🔇 Silence_15🔇

14.5K 1.9K 100
                                    

တနေကုန်း TVကြီးဖွင့်ကာငုတ်တုတ်တုတ်လေးထိုင်နေတဲ့ ဂျီမင်အနား လူပ်ရွလူပ်ရြွဖင့်ကနာမငြိမ်နိုင်တဲ့သူက‌တော့ ဂျွန်ဂျောင်ကုပင်

ဖုန်းကြည့်လိုက် ဂျီမင်ကြည့်နေတဲ့TVလေးလိုက်ကြည့်လိုက်ဖြင့်

ဂိမ်းဆော့နေချိန်‌တွေမှလွဲ၍ တစ်နေရာမှာတစ်နာရီပြည့်အောင်တောင်မထိုင်ဖူးတဲ့ဂျောင်ကုအတွက် စံချိန်တင်ရင်အနိုင်ရလောက်အောင်ကိုပျင်းနေရပြီးဖြစ်သည်

‌တချောက်ချောက်မြည်နေတဲ့နာရီသံနဲ့TVသံမှလွဲ၍တတိဆိတ်နေတဲ့အိမ်ကြီးထဲမှာ အရာရာဟာငြိမ်သက်လျက်

အချိန်အတော်များများကိုဖြစ်ကျော်သွားခဲ့ပြီးတဲ့နောက်မှာ ဂျွန်ဂျောက်ကု၏ပျင်းစရာအချိန်ကြီးအားကယ်တင်လိုက်သည်က ကားစက်ရပ်သံလေးပင်

ယွန်ဂီ အိပ်ထဲသို့ခပ်မြန်မြန်ပင်ဝင်လာလိုက်ရင် မြင်လိုက်ရသည်က ဂျောင်ကုနှင့်ဂျီမင်မှာ ခပ်ခွာခွာပင်ဖြစ်နေပြီး မျက်နှာသေကြီးနဲ့သူပြန်လာတာကိုပင်လှည့်ကြည့်မလာတဲ့ ဂျီမင်ကြောင့်ကျေနပ်မိသလိုလို

*ဟုတ်ပါတယ် ဂျီမင်ကတခြားသူတွေလိုမဟုတ်ပါဘူးလို့ ထင်သာပဲ*

ယွန်ဂီ ကိုယ်အတွေးနဲ့ကိုယ်ပြုံးစိစိဖြစ်ခါနီးစဲစဲ မြင်ကွင်ထဲဝင်လာခဲ့တဲ့ ဂျောင်ကုရဲ့အရောင်တလက်လက်မျက်ဝန်းလေးနဲ့မျက်နှာငယ်လေးကြောင့် ပြုံးစိစိဖြစ်ချင်‌နေတဲ့အရှိန်ကိုသက်လိုက်ရင်

*ဒီကောင်ဘယ်လောက်များပျင်းနေလိုက်မလဲ ငယ်ငယ်ကထဲကဖင်မငြိမ်တဲ့ကောင်က ငါ့ဂျီမင်လေးနဲ့တွေ့မှကောင်းကောင်းကြီးကိုဝဋ်ပြန်လည်းနေတာ မှတ်ပလား*

"ခွီးးး"

ယွန်ဂီ အရှိန်မထိန်းနိုင်စွာအသံထွက်ခွီးလိုက်မိတော့ ငူငူကြီးထိုင်နေတဲ့ဂျီမင်က တစ်ချက်လှည့်ကြည့်လာသည်

နမ်ဂျွန်နှင့်ဂျောင်ကုခများတော့အူကြောင်ကြောင်ဖြင့်သာ ယွန်ဂီကိုကြည့်လိုက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ဖြင့်သာ

🔇 SILENCE 🔇Where stories live. Discover now