Rain 🌧️ Part - 3

128 8 0
                                    

Unicode

"Jing အလျင်စလိုမလုပ်နဲ့"

"ကိုယ်မထိန်းထားနိုင်တော့ဘူး။ မင်းတနေ့လုံးအပြင်ထွက်သွားပီးတော့ တကယ်ပဲအဲ့မှာ‌ဒီညနေဖို့စဉ်းစားနေတယ်မလား။ကိုယ်သာလာပြန်မခေါ်ရင် မင်းအဲမှာပဲနေမှာမဟုတ်လား။"

"မိုးသည်းနေလို့ပါ"

"ကိုယ်ကတော့မင်းကိုလာကြိုတယ်လေ"

Lu Cang ဘာမှပြန်မပြောနိုင်တော့ဘူး။သူပြန်ဖို့အတွက်မကြိုးစားဘဲ မိုးပြင်းတာကိုသာ အပြစ်တင်နေမိတာအရမ်းရှက်ဖို့ကောင်းတယ်။Jing ကတော့မိုးသည်းနေတာကိုတောင်သူကိုလာခေါ်တယ်။သူကJing ကိုမေတ္တာရှိတယ်ဆိုဒီလိုမလုပ်သင့်ဘူး။

မဟုတ်ဘူး။ Jingကိုသူမချစ်ဘူးဆိုတာ လုံး၀ကိုမဖြစ်နိုင်တာပဲ ။အမှန်သူ့ရင်အနက်ရှိုင်းဆုံးမှာ သူကြောက်နေတာ။တနေ့Jing ကသူ့ကိုငြီးငွေ့ပီးစွန့်ပစ်လိုက်မှာကို သူအရမ်းကြောက်တယ်။ Jing သာ သူ့ကိုစွန့်ပစ်လိုက်ရင်အရမ်းနာကြင်ပီး သူနှလုံးသားကိုဘယ်တော့မှ ပြန်ပီးကုစားလို့ရတော့မှာမဟုတ်ဘူး။

Jing ဆီမှာကျဆုံးသွားရင်း Jing ကသူ့ကိုလူကိုမချစ်ဘူးဆိုတဲ့ အချက်ကို သူမေ့လျော့သွားမှာကို အရမ်းစိုးရိမ်တယ်။ Jing ကသူ့ကိုဖျော်ဖြေ‌ေပးတဲ့သူတယောက်လိုပဲသဘောထားတာ။ တနေ့မှာငြီးငွေ့သွားရင် အရုပ်တစ်ရုပ်လိုပဲစွန့်ပစ်လိုက်လိမ့်မယ်။ Jing ဆီမှာအခုထက်ပိုပီးသူ့နှလုံးသားမကျဆုံးအောင် ကာကွယ်ရမယ်။

ဒီနေ့ Jing ကသူ့နှလုံးသားကို ကာရံထားတဲ့ အတားဆီးတွေအားလုံးကို ဖြတ်ကျော်ပီး သူ့ဆီမှာပိုပီးကျဆုံးသွားအောင်လုပ်လိုက်တယ်။ Jing လိုအင်အားကြီးမားပီး ဩဇာကြီးမားတဲ့ ဧကရာဇ် တစ်ပါးကသူ့ကို မိုးရွာ‌ေနတာ‌ေတာင်လာကြိုတာက Lu Cangကိုစိတ်မလှုပ်ရှားစေဘူးဆိုရင် ဘယ်လိုဖြစ်နိုင်မှာလဲ။‌စိတ်လှုပ်ရှားလွန်းပီး သူ့ရင်ဘတ်ထဲမှာ တင်းကျပ်နေတဲ့ ခံစားချက်တွေက က ပြေလျော့သွားပီး အခုရွာနေတဲ့မိုးနဲ့အတူ စီးမြောသွားသလို စိတ်ပေါ့ပါးသွားခဲ့တယ်။

Hua Hua You Long  Short Story. (Uni/Zawgyi)Where stories live. Discover now